Ch-43

3.2K 391 15
                                    

အခန်း ၄၃ နှစ်သစ်

ထန်ရှီးရှီး ထွက်သွားပြီး မကြာခင်မှာပဲ ကျောက်ချန်ကျွင်းလည်း ထွက်သွားခဲ့သည်။ အပေါ်ထပ်သည် တခဏချင်း တစ်ဝက်လွတ်သွားကာ ကျောက်ဇီရှင်းနှင့် လုယိဖေးတို့သာ အပိုင်းပိုင်းခွဲထားသော နေရာတွင် ထိုင်နေခဲ့သည်။

လုယိဖေးသည် သူမ၏ လက်ချောင်းများကို လှုပ်ကာ ခန်းဝင်ပစ္စည်းအိမ်အကူကို အချက်ပြလိုက်သည်။ အိမ်အကူက ဒါကို ကောင်းကောင်းသိပြီး တခြားသူတွေကို ထွက်သွားဖို့ တိတ်တဆိတ် ခေါ်သွားသည်။

လုယိဖေးက တုံ့ဆိုင်းနေပြီး ဘာစပြောရမလဲဆိုတာ အတော်ကြာအောင် စဉ်းစားနေပြီးမှ " ရှီဇီ"

"ဘာဖြစ်လို့လဲ?"

"ဒီနေ့ ကျွန်မ ရီချွမ်းအဆောင်ကို သွားခဲ့တာက လျှို့ဝှက်စာတစ်စောင်တွေ့လို့ပါ... တစ်ခုခုဖြစ်လာမှာကို ကြောက်လို့ ထောင်ချောက်ဆင်လိုက်မိတာ... ဒါပေမယ့် ကျွန်မရဲ့ လုပ်ရပ်တွေအားလုံးက ကျင့်ဝမ်စံအိမ်အတွက်ပဲလို့ ကျွန်မ ကတိပေးဝံ့ပါတယ်... ရှီဇီက ကျွန်မကို မယုံရင် ကျွန်မ ကျိန်ဆိုနိုင်ပါတယ်"

"ငါ မင်းကို မယုံတာ မရှိခဲ့ပါဘူး" ကျောက်ဇီရှင်းက ငုံ့ကြည့်ပြီး "မင်းက အဖေ ရွေးချယ်ထားတဲ့ ရှီဇီဖေးပဲလေ... ဟုတ်တာပေါ့... အရာအားလုံးက ကောင်းပါတယ်... ဒီအရာတွေအားလုံးကို ငါနားလည်တယ်... အဲဒါတွေကို အတိအကျ ရှင်းပြနေစရာ မလိုပါဘူး"

လုယိဖေးက သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူမက ခေတ္တရပ်လိုက်ပြီး " ရှီဇီ... ကျွန်မ သူလျှိုကို ဖမ်းဖို့ ရည်ရွယ်ထားခဲ့တာ... တံခါးကို တွန်းဖွင့်ခဲ့တာ ထန်မိန်းခလေးဖြစ်မယ်လို့ မမျှော်လင့်ထားဘူး... ထန်မိန်းခလေးက .....ဖြစ်နိုင်လား..."

"သူ(မ)လား?" ကျောက်ဇီရှင်းက ရယ်မောလိုက်ပြီး "ဒါက သူ(မ)ဖြစ်မှာမဟုတ်ဘူး"။

"ဒါပေမယ့် အဲဒီနေရာက အရမ်းဆိတ်ငြိမ်ပြီး ထန်မိန်းခလေးတစ်ယောက်တည်း ရောက်လာတယ်... လျှို့ဝှက်စာ မတွေ့ရင် နေရာကို ဘယ်လိုရှာမလဲ"

"ဒါ သူ(မ) ဖြစ်မှာမဟုတ်ဘူး" ကျောက်ဇီရှင်းသည် ယခင်ကကဲ့သို့ အလွန်ခိုင်မာနေပြီး၊ ပြတ်ပြတ်သားသားဖြင့် ပြောနေသည်။ "မင်းရဲ့အကြံအစည်က လျှို့ဝှက်ထားပေမယ့် ကြားထဲမှာ သိနိုင်တဲ့သူ မရှိဘူးလို့ အာမခံဖို့ ခက်တယ်လေ... အခြားတစ်ဖက်က တွက်ချက်ပြီး ရွှံ့ရေကို တမင်ပြန်ပက်တာလဲ ဖြစ်နိုင်တယ်... ဒါပေမယ့် ဘယ်သူကပဲ သူလျှိုဖြစ်ပါစေ ထန်ရှီးရှီးတော့ ဖြစ်လာမှာမဟုတ်ဘူး... သူမမှာ အဲ့လောက် ဦးနှောက် ဘယ်မှာရှိနိုင်ပါ့မလဲ"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now