Ch-20

4.4K 399 3
                                    

အခန်း ၂၀ အမဲလိုက်ကွင်း

"အမဲလိုက်ကွင်း*က မိုင်တစ်ထောင်ကျော်အကွာတွင် တည်ရှိပြီး တောင်များ၊ မြစ်များ၊ စိမ်းလန်းစိုပြေသောသစ်ပင်များနှင့် မဝေးသော ထင်စန်း တောင်များပါရှိကြောင်း ကြားသိရတယ်။ ညဘက်မှာ ဝံပုလွေတွေတောင် ရှိသေးတယ်!"

(*အမဲလိုက်ကွင်း– ဧကရာဇ်မင်းမြတ်နှင့် မှူးမတ်များအတွက် သီးသန့်အမဲလိုက်ရန်နေရာ)

အလှလေးတွေက ပါးစပ်ကို ဖုံးထားလိုက်ကြပြီး တော်တော်များများက ကြောက်လန့်ပြီး အော်နေကြသည်။ ကြောက်ရွံ့ထိတ်လန့်နေသော အလှမယ်တစ်‌ယောက်က "ဝံပုလွေတွေရှိတယ်လား.... ကြောက်စရာ ကောင်းလွန်းတယ်... ငါမသွားဘူး "

"မင်းကိုယ်မင်း ပြန်ကြည့်ဦး" ကျိရှင်းရှင်းက လှောင်ပြောင်နေပြီး သူမရဲ့ အထင်အမြင်သေးမှုကို လျှို့ဝှက်မထားနိုင်တော့ဘူး။ " ဝမ်ရယ် နဲ့ ကျောင်းရွှင်မင်းသား (ကျောင်းရွှင်ဝမ်)က အမဲလိုက်သွားကြမယ်.... ဒါကို မြို့တော်လို့ ထင်နေတာလား.... ရှန်စီ ပွဲတော်မှာ အပန်းဖြေ ခရီးထွက်နေတယ် ထင်နေတာလား.... ကခုန်နေသောမြင်းတွေနဲ့ ဓားတွေကို ကိုင်ဆောင်တာက တကယ့်အမျိုးသားကောင်းတွေအတွက်ပဲ "

ပြက်ရယ်ပြုခံရသော အမျိုးသမီးက ခေါင်းညွှတ်ကာ "ဝံပုလွေတွေရှိတယ်... အန္တရာယ်များလွန်းတယ် "

ဤအမျိုးသမီးသည် စာတတ်မြောက်သော မိသားစုမှ ဆင်းသက်လာသည်။ သူ့အဖေနဲ့အစ်ကိုက ကဗျာတွေရွတ်ပြီး ကျင်းလင်မှာ လှေ စီးပြီးသွားလေ့ရှိကြသည်။ သူမက ဓားရှည်များကို တစ်ခါမျှ မမြင်ဖူးသလို သူမ ကြောက်လန့်နေသည်မှာ အံ့ဩစရာ မရှိပေ။ အခြားအလှမယ်တွေက သူမ လောက် မကြောက်တတ်ပေမယ့် တစ်ချိန်တည်းမှာပင် အမဲလိုက်ကွင်းကို စူးစမ်းချင်နေပြီး လန့်လဲလန့်နေကြသည်။

ကျင်းလင်က ကျင်းဟွန်မြစ်အနီးတွင်ရှိပြီး ဧကရာဇ်သည် ငယ်သေးသည်။ ထို့ကြောင့် မြို့တော်ရှိလူများသည် ရေမြို့၏ လေပြည်ကို ရှေးရှေးကတည်းက ကျင့်သုံးခဲ့ကြသည်။ အမဲလိုက်ဖို့ နေနေသာသာ မြို့တော်မှာ မြင်းစီးတဲ့ လူအနည်းငယ်သာ ရှိသည်။ သို့သော် ရှီးဖျင်သည် ကျင်းလင် နှင့် တော်တော်ကွာခြားသည်။ နယ်စပ်ဒေသတွင်တည်ရှိပြီး စစ်ပွဲများ တစ်နှစ်ပတ်လုံး ဖြစ်ပွားနေသည်။ ဒေသခံပြည်သူများသည် အလွန်သွက်လက် သတ္တိရှိကြသည့် ရိုးရာဓလေ့ဖြစ်သည်။ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးတစ်ဦးပင်လျှင် ဓားကစားနည်းတစ်မျိုး သို့မဟုတ် နှစ်မျိုးသုံးနိုင်သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now