အခန်း ၁၀၃ မြို့တော်
သတင်းပို့တဲ့ မိန်းမစိုးက လေးလေးစားစားဖြင့် " ဝမ်ဖေး၊ အဲ့တာ အမှန်ပါ... တော်ဝင်နန်းတော်က သံတမန်က ဝမ်ရယ်ကို အိမ်ရှေ့ဝင်းမှာ နှုတ်ဆက်နေပါတယ်... ဝမ်ဖေး စောစောပြင်ဆင်နိုင်စေဖို့ ဝမ်ဖေးထံ သတင်းပို့ဖို့ ဝမ်ရယ်က စေခိုင်းခဲ့တာပါ "
နန်းတွင်းသို့ ခရီးထွက်ရမည်မှာ သေချာကြောင်း မိန်းမစိုးက ပြောလာသည်။ အခန်းထဲတွင် သူမ၏လူများနှင့်သာ ပြည့်နေသောကြောင့် ထန်ရှီးရှီးက သူမ၏ အတွေးအမှန်ကို ဖုံးကွယ်မထားဘဲ အချိန်အတော်ကြာ မျက်မှောင်ကြုတ်ကာ "ဧကရီမယ်တော်ကြီးယောင်က ငါတို့ကို မြို့တော်ကို ခေါ်ဖို့ ဘာလို့ ရုတ်တရက် တွေးနေတာလဲ... ဝမ်ရယ်က တော်ဝင်အမိန့်မရှိဘဲ မြို့တော်သို့ မပြန်နိုင်ဘူးလေ... ယခင်နှစ်တွေက ဝမ်ရယ်က ရှီးဖျင်မှာပဲ ပွဲတော်ကျင်းပခဲ့တာ "
"ကျင်းလင်ရဲ့ တော်ဝင်နန်းတော်သံတမန်က ဧကရီမယ်တော်ကြီးယောင်က ကျွင့်ဝမ် လေးကို ဘေးကင်းစွာ မွေးဖွားခဲ့တာကို ကြားသိရလို့ အရမ်းဝမ်းသာမိတယ်လို့ ပြောပါတယ်... မယ်မယ်က ကျွင့်ဝမ်လေးကို မတွေ့ဖူးဘူးသေးတော့ သူ့ကိုတွေ့ချင်နေတာ ထင်တယ်... မကြာခင် နှစ်သစ်ကူးတော့မှာဆိုတော့ မယ်မယ်က ဝမ်ရယ်နဲ့ ဝမ်ဖေးကို ကျွင့်ဝမ်လေးတွေနဲ့ အတူ တော်ဝင်နန်းတော်မှာ ရွှင်မြူးတဲ့ နှစ်သစ်ကို ကျင်းပဖို့ မြို့တော်ထဲကို ဝင်ခွင့်ပြုလိုက်တာ ဖြစ်မယ်"
ထန်ရှီးရှီးက မျက်မှောင်ကြုတ်လိုက်သည်။ ဧကရီမယ်တော်ကြီးယောင်၏ ပြောဆိုချက်မှာ ချို့ယွင်းချက်တွေရှိနေသည်။ ကျောက်ချန်ကျွင်းနဲ့ ဧကရီမယ်တော်ကြီးယောင်တို့ဟာ သွေးကွဲနေပြီး ချစ်ခင်မှု လုံးဝမရှိခဲ့ကြဘူး။ ကျောက်ဇီကောင်း မွေးဖွားခြင်းသည် ဧကရီမယ်တော်ကြီးယောင်နှင့် မည်သို့သက်ဆိုင်နေသနည်း။ ပိုအရေးကြီးတာက မူရင်းစာအုပ်မှာ တစ်ခါမှ အဲ့လိုမဖြစ်ဖူးဘူး။
ထန်ရှီးရှီးက အဆိုပါ စာအုပ်ကို အချိန်အတော်ကြာ မစစ်ဆေးခဲ့သော်လည်း ကျောက်ချန်ကျွင်းက မြို့တော်သို့ အစောပိုင်းဝင်ပေါက်ခဲ့ကြောင်းကို စာအုပ်တွင် မဖော်ပြထားကြောင်း သူမ သေချာပေါက်သိသည်။ သူ ကျင်းလင်ထဲသို့ဝင်ချိန်က သူသည် ပုန်ကန်ထကြွကာ ထီးနန်းကို သူ့ဘာသာသူ သိမ်းပိုက်လိုက်ချိန်ဖြစ်သည်။
YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...