အခန်း ၇ ပစ်မှတ်
နန်းတွင်းအပျိုတော်ဆယ်ယောက်ကို ခြံဝင်း၏အနောက်ဘက်သို့ ပို့လိုက်သည်။ သူတို့ကို လမ်းဦးဆောင်တဲ့ အဘွားကြီးက မျက်နှာကောင်းမပေးဘဲ လမ်းတလျှောက် သူတို့ကို တစ်ချက်တောင် မကြည့်ဘူး။ သူတို့ လိုရာခရီးကို ရောက်တဲ့အခါမှာတော့ ထိုအမျိုးသမီးက သူတို့ကို အေးစက်တဲ့အကြည့်နဲ့ ကြည့်ပြီး ပြောလိုက်သည်။ "ဒီနေရာပဲ... မင်းတို့ဝင်လို့ရပြီ.... ငါတို့ရဲ့ ကျင့်ဝမ်အိမ်တော်က မြို့တော်နဲ့ မတူဘူး.. ငြိမ်းချမ်းစွာ နေထိုင်ရင် အရှင်သခင်က မင်းတို့ကို ဒုက္ခဆင်းရဲရောက်စေမှာ မဟုတ်ဘူး..
တစ်ယောက်ယောက်က ပြဿနာလုပ်ဝံ့ရင်တော့..."
အဘွားကြီးက သူ့စကားဆုံးအောင်မပြောပေမယ့် ဒီမှာရှိနေတဲ့သူတွေက သူမ ဆိုလိုတာကို နားမလည်ပဲ မနေဘူး။
အဘွားအိုက သူတို့ နားလည်တာမြင်တော့ မျက်နှာကိုငုံ့လိုက်ပြီး "ဒီအိမ်တော်က သေးသေးလေးပဲ... ထူးဆန်းနေတဲ့ နေရာမရှိဘူး... တခန်းမှာ လူနှစ်ယောက်နေ... ကိုယ့်အခန်းကို သွားရှာကြ" စကားပြောပြီးနောက် အဘွားကြီးက အော်ဟစ်ပြီး လှည့်ထွက်သွားသည်။ အခန်းတစ်ခန်းမှာ လူနှစ်ယောက်လား။ ကြားလိုက်ရတဲ့ အပျိုတော်တွေဟာ သူတို့ရဲ့ မလိုလားအပ်တဲ့ စိတ်ဆန္ဒကို ပြသခဲ့ကြပြီး ထန်ရှီးရှီးလဲ ကြားလိုက်တာနဲ့ မျက်မှောင်ကြုတ်သွားတယ်။ ခရီးကို အဆောတလျင် လာခဲ့ကြတာကြောင့် ယခင် အခြေအနေများအတိုင်း နေထိုင်ရခြင်းက အဆင်ပြေတယ်။ သူတို့အားလုံး ကျင့်ဝမ်၏စံအိမ်သို့ရောက်တာတောင် သူတို့သည် အခြားသူများနှင့်အတူ နေထိုင်ရသေးတယ်လား။ ထန်ရှီးရှီးက ငယ်စဉ်ကလေးဘဝကတည်းက ပစ္စည်းပြတ်လပ်ခြင်းမရှိခဲ့ဘဲ ဧကရာဇ်နန်းတော်သို့ဝင်ရောက်ခဲ့စဉ်ကပင် သူမအား အလားအလာကောင်းသူတစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ဆိုးဆိုးရွားရွား ဆက်ဆံခံရခြင်း မရှိခဲ့ပေ။ မမျှော်လင့်ဘဲ၊ ကျင့်ဝမ်၏အိမ်သို့ဝင်ရောက်ပြီးနောက် သူမ၏အနေအထားသည် ကျဆင်းသွားခဲ့သည်။ ထန်ရှီးရှီးက ထိုအိမ်တော်တွင် အပိုအခန်းများမရှိဟု မယုံခဲ့ပေ။ ရှင်းရှင်းပြောရရင် ကျင့်ဝမ်က သူတို့ကို မမြင်ချင်သလို တွေ့တောင်မှ မတွေ့ချင်ခဲ့တာ။ အနောက်ဘက်ခြံဝင်းထဲကို ပစ်ချလိုက်ပြီး သူ့အတွက်သူ အကာအကွယ် ယူလိုက်တာပါ။
BẠN ĐANG ĐỌC
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Tiểu thuyết Lịch sửMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...