Ch.1

11.7K 746 4
                                    

အခန်း ၁ စာမပါတဲ့ ကောင်းကင်ဘုံစာအုပ်

ရှန့်ထိုက်နန်းစံနှစ်၏ ပဉ္စမနှစ်မြောက် ခြောက်လပိုင်း.....

ဒီနှစ်မိုးက အရမ်းသည်းတယ်။  တတိယ‌လတွင် ထန်ရှီးရှီးတို့ မြို့တော်မှ ထွက်ခွာလာချိန်တုန်းက မြို့တော်ဖြစ်သော ကျင်းလင်တွင် တိမ်များ အုံ့ဆိုင်းနေပြီး မိုးရွာနေခဲ့တယ်။ မြောက်ဘက်ကို လာခဲ့တဲ့လမ်းတလျှောက်လုံး ချိုင့်ခွက်တွေ အဖုအထစ်တွေနဲ့ ပြည့်နေပြီး သူတို့ရောက်တဲ့အချိန်အထိ မိုးရွာနေတုန်းပဲ။

မိုးတိတ်သွားတာတောင် လမ်းက သွားလာရခက်ခဲလို့ မကြာခဏ နားပြီးမှ ဆက်ပြီး ခရီးဆက် ခဲ့ရတယ်။ မူလ နှစ်လသာကြာရမဲ့ခရီးက သုံးလကြာခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ၊ သူတို့ ကျင့်ဝမ် *အုပ်ချုပ်တဲ့စစ်တပ်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ပြီး သူတို့ ဦးတည်ရာနဲ့ သိပ်မဝေးတော့ဘူး။

(ဝမ်* – အရှင်၊ ဘုရင်ခံ၊ မင်းသား)၊

တော်ဝင်မိသားစုက ထန်ရှီးရှီးနှင့် နန်းတွင်းအပျိုတော် မိန်းမလှလေးများအား ကျင့်ဝမ်ကို အမှုထမ်းရန် စေလွှတ်ခဲ့ပြီး အဲ့တာကို ဧကရီမယ်တော်ကြီးယောင်က အမိန့်ပေးခဲ့တာပါ။ သို့သော် လမ်းပေါ်တွင် မည်သူမျှမရှိသော အသွင်အပြင်ကို ကြည့်ရင်း၊ ကျင့်ဝမ်က သူတို့ကို မလိုမလားဖြစ်မှာ ကြောက်နေမိကြတယ်။

ထို့အပြင် စစ်ဘက်တွင် ထူးချွန်ထက်မြက်သည်ဟု ထင်ရှားကျော်ကြားသော မင်းသားတစ်ပါးက မယ်တော်မိဖုရားကြီး၏ သူလျှိုများ အဖြစ်ရောက်လာသော နန်းတွင်းအလှပျိုမယ်များကို မည်ကဲ့သို့  အာရုံစိုက်ရန် ဆန္ဒရှိနေနိုင်မလဲ။ ဒီနယ်မြေထဲရောက်ကတည်းက ထန်ရှီးရှီးက လေထုက သိသိသာသာ ပြောင်းလဲသွားတယ်လို့ ခံစားလိုက်ရတယ်။ လမ်းပေါ်မှာ ဒုက္ခသည်များကို မမြင်ရတော့ပဲ လမ်းတွေကတောင် ပိုချောမွေ့လာတယ်။ ထန်ရှီးရှီးက အပြင်ဘက်မှ ရှုခင်းများကို ကြည့်ရင်း ဧကရီမယ်တော်ကြီးက ကျင့်ဝမ် နှင့် ပတ်သတ်ပြီး စိတ်မသက်မသာ ဖြစ်နေသည်ကို မအံ့သြတော့ပေ။

ကျင်းလင်မှာရှိနေတဲ့ ဧကရာဇ်ငယ်က ယခုနှစ်မှာ အသက် ဆယ့်တစ်နှစ်သာရှိသေးပြီး မြောက်ပိုင်းဒေသမှ ဦးရီးတော်ဖြစ်သူ ကျင့်ဝမ်က နယ်စပ်ကို စောင့်ကြပ်နေပြီး စစ်တပ်၏အာဏာထက်ဝက်ကို ချုပ်ကိုင်ထားနိုင်ခဲ့သည်။ ဘယ်သူက စိတ်အေးနိုင်ပါ့မလဲ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now