Ch-86

4.4K 448 7
                                    

အခန်း ၈၆ နန်းတော်သို့ ပြန်သွားရန်

ထန်ရှီးရှီး၏ဗိုက်က အနည်းငယ် အဆင်မပြေဖြစ်နေပြီး နောက်ပိုင်းတွင် ကိုယ်လုပ်တော်ခေါ်ယူရန် အတင်းအကြပ် ဝိုင်းပြောသောအခါတွင် သူမသည် ဒေါသအလွန်ထွက်ကာ ရုတ်တရက် လန့်သွားပြီး မေ့လဲသွားသည်။

ထန်ရှီးရှီး မူးမေ့လဲမသွားခင် တုကျင်းက ကျင့်ဝမ်ကို ဖိတ်ခေါ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းနေရင်း အလုပ်များနေတာကို သူမ ကြားသိလိုက်သည်။ ဒါပေမယ့် အနားက မထေမဲ့မြင်ပြုတက်တဲ့ တယောက်က "ဝမ်ဖေး မူးလဲသွားတဲ့အတွက် ငါတို့က တော်ဝင်သမားတော်ကြီးကို အမြန်ခေါ်သင့်တယ်လေ.. ဝမ်ရယ်ကို ဘာလုပ်ဖို့ ခေါ်သင့်တာလဲ "

"ဝမ်ဖေး နေမကောင်းဘူးလေ... ဒီလောက်လေးနက်တဲ့ကိစ္စရပ်ကို ဝမ်ရယ်ကို ဘာလို့ အကြောင်းမကြားပဲထားနိုင်မှာလဲ"

"မင်းက မသိတက်တဲ့ အစေခံပဲ... ဝမ်ရယ်က ရုံးတာဝန်တွေနဲ့ အလုပ်များနေတာလေ... ဒီနှမ်းစေ့လောက် အသေးစားကိစ္စနဲ့ ဝမ်ရယ်ကို မင်း ဘယ်လိုနှောင့်ယှက်နိုင်တာလဲ... မင်း သွားလဲ အသုံးမဝင်ဘူး... ဝမ်ရယ် ပြန်လာမှာမဟုတ်ဘူး... ဒီလိုလုပ်ရင် မင်း သခင်မ အတွက်ပဲ ဒုက္ခရောက်လိမ့်မယ်... အချိန်ရှိရင် သူ့အတွက် တော်ဝင်သမားတော် ခေါ်ရင် ပိုကောင်းမယ် "

"တော်ပြီ... နောက်ထပ် ရန်ဖြစ်မနေနဲ့တော့... တစ်စုံတစ်ယောက်လာဦး... ငါ့ရဲ့ခါးတံဆိပ်ကိုယူပြီး တော်ဝင်သမားတော်ကို စွားပင့်လိုက် "

ထန်ရှီးရှီး၏ နောက်ဆုံးအသိသည် လုယိဖေး၏အသံတွင်ရှိနေခဲ့သည်။ လုယိဖေးသည် တော်ဝင်သမားတော်အား ရှာဖွေရန် တစ်စုံတစ်ဦးကို စေလွှတ်လိုက်ပုံရသည်။ ထန်ရှီးရှီး ကို ပျော့ပျောင်းသော ခေါင်းအုံးပေါ်တွင် တင်ပေးထားသည်။ သူမရဲ့ အသိစိတ်က ပြောင်းလဲသွားပေမယ့် သူမ မနိုးထနိုင်ခဲ့ပါဘူး။ သူမ နားထဲတွင် တစ်ချိန်လုံး ဆူညံသံကို ခံစားခဲ့ရပြီး အလွန်စိတ်အနှောက်အယှက်ဖြစ်စေကာ သူမ၏အနီးတွင် တစ်စုံတစ်ယောက် လမ်းလျှောက်နေခဲ့သည်။ နောက်ဆုံးတွင် အသံများအားလုံး ရုတ်တရက် ရပ်တန့်သွားကာ တည်ငြိမ်ပြီး အားကောင်းသော ခြေသံများ သူမဆီသို့ တည့်တည့်ရောက်လာသည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Donde viven las historias. Descúbrelo ahora