အခန်း ၃၇ အခွင့်အလမ်း တွေ့ကြုံမှု
ဆောင်းရာသီတွင် ကောင်းကင်သည် လျင်မြန်စွာ မှောင်လာသည်။ ထန်ရှီးရှီးသည် မီးအိမ်ဖြင့် ကျင်ကျားဝင်း ထဲသို့ ပြန်သွားခဲ့သည်။ အိမ်အကူများသည် ထန်ရှီးရှီး၏ အပေါ်ရုံအင်္ကျီကို ကြိုးဖြည်ပေးရန် စောင့်ဆိုင်းနေပြီး အိမ်နေအဝတ်အစားများ ပြောင်းလဲရန် အပြေးအလွှား ကူညီပေးကြသည်။
တုကျင်းက ထန်ရှီးရှီးရဲ့ အဝတ်အစားတွေကို သပ်ရပ်အောင် ကူညီပြင်ဆင်ပေးခဲ့သည်၊ "ကြင်စဦးအချိန်တွေအတွက် အားလပ်ရက် သုံးရက်ဆိုတာ အများကြီးလို့တော့ ပြောလို့ မရဘူး... ခရိုင်တရားသူကြီးအဘိုးအိုက လက်ထပ်ပြီးနောက် အားလပ်ရက်ကိုးရက်ပေးခဲ့တယ်... ဒီနေ့မှ ဒုတိယနေ့ကို သခင်မလေးက အလုပ်သွားရတယ်လား "
ထန်ရှီးရှီးက ရယ်နေပြီး " ရှီဇီက အိမ်ထောင်ကျတာလေ.. ငါ အိမ်ထောင်ကျတာ မဟုတ်ဘူး... ငါမှာ ဘယ်လို အားလပ်ရက်ရှိမှာလဲ... ဒါက ဝမ်ရယ်ရဲ့ ဆုံးဖြတ်ချက်ပဲ... ဒါကြောင့် ဒီအကြောင်းကို ထပ်မပြောပါရစေနဲ့ "
တုကျင်းသည် ပြန်မပြောရဲသည့်အတွက် ညည်းညူနေခဲ့သည်။ ကျောက်ချန်ကျွင်း ၏ဆုံးဖြတ်ချက်ကို အမှန်တကယ်မေးခွန်းထုတ်ဝံ့သူ ရှိလို့လား? ထန်ရှီးရှီးသည် အိမ်တွင်းဝတ်ဆင်သည့် ပျော့ပျောင်းသောဖိနပ်ကို ဝတ်ဆင်ထားပြီး သက်တောင့်သက်သာရှိသော ၀တ်စုံကို ၀တ်ထားသည်။ တုကျင်းက "သခင်မလေး... ညစာ အဆင်သင့်ဖြစ်ပြီ... အခု စားချင်လား ဒါမှမဟုတ် အရင်အနားယူချင်လား"
ထန်ရှီးရှီးက ခဏလောက်စဉ်းစားပြီး " အခု စားမယ် . "
"ဟုတ်ကဲ့ "
တုကျင်းသည် ထမင်းစားပွဲပြင်ရန် အိမ်အကူတစ်ဦးကို ဦးဆောင်ခဲ့သည်။ ထန်ရှီးရှီးသည် မြေခွေးလေးကို အချိန်အတော်ကြာ နမ်းရှုံ့လိုက်ပြီး ညစာစားရန် ထမင်းစားခန်းသို့ အမြန်သွားခဲ့သည်။
ထန်ရှီးရှီးသည် သူမ၏ကိုယ်ပိုင်ခြံဝင်းတွင် မီးဖိုချောင်ငယ်တစ်ခုရှိသော်လည်း မီးဖိုကိုဖွင့်ရန်မှာ အလွန်ပင်ခက်ခဲသည်။ ထန်ရှီးရှီးသည် သူမကိုယ်သူမ ဦးစားပေးခံရသူဟု မခံယူဝံ့သောကြောင့် သူမသည် အစားအသောက်အတွက် အဓိက မီးဖိုချောင်ကို အမြဲအားကိုးနေခဲ့ရသည်။ ကျင့်ဝမ်စံအိမ်တွင် အရာအားလုံးအတွက် စည်းမျဉ်းများ ရှိသည်။ ဥပမာ မည်သူသည် မည်ကဲ့သို့သော ပြုစုခံရမှုမျိုးနှင့် ထိုက်တန်သည်၊ တစ်လလျှင် လစာမည်မျှ၊ ဟင်းပွဲမည်မျှ မှာယူနိုင်သည်၊အတတ်အစားသစ်မည်မျှရနိူင်သည် စသည်ဖြင့် သတ်မှတ်ထားသည်။ ထန်ရှီးရှီးအတွက် လစဉ် လစာ ၁၂ လျှမ် ၊ မနက်စာ ၊ နေ့လည်စာ ၊ ညနေစာ တစ်ကြိမ်စီအတွက် ဟင်းလေး ခွက်နှင့် စွတ်ပြုတ်တမျိုး ၊တစ်ရာသီစာအတွက် အဝတ်သစ် လေးစုံ နှင့် နှစ်သစ်ကူး တိုင်းတွင် လက်ဝတ် ရတနာ အသစ် များ ရရှိနိုင်သည်။

YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...