အခန်း ၁၂၆ ဧကရီအပ်နှင်း
ရန်ယွိကျင်က အခန်းထဲမှာ စောင့်နေသည်။ အိမ်အကူပြန်လာတာကိုကြားတော့ သူမက အမြန်ထရပ်ပြီး "ဘယ်လိုဖြစ်တာလဲ"
အိမ်အကူ၏ မျက်နှာမှာလည်း အလွန်ထိတ်လန့်နေသည်။ သူမသည် ရန်ယွိကျင်၏နားကိုမှီကာ အားသွန်ခွန်စိုက်အသံဖြင့် "သေကြောင်းသတင်းပို့တဲ့ ကုန်းကုန်းက ဒီမှာရှိပြီး ဝမ်ဖေးကို အရမ်းကြင်နာတယ်... ဝမ်ဖေးကို မနက်ဖြန် နန်းတော်ထဲသို့ ခေါ်ဆောင်သွားမယ်လို့ ကုန်းကုန်းက ပြောတယ်"
ရန်ယွိကျင်သည် သူမ၏ နှလုံးနေရာကို ဖုံးအုပ်ကာ ထိုင်ခုံပေါ်သို့ လဲကျသွားသည်။ အချိန်အတော်ကြာပြီးနောက် သူမ၏နှလုံးသည် တုန်ခါနေဆဲဖြစ်သည်။
ကျင့်ဝမ်က တကယ်ပဲပြောင်းလဲနိုင်ခဲ့သည်... သူမဘဝ နိဂုံးချုပ်ချိန်ရောက်နေပြီလို့ သူမ ထင်ခဲ့ပေမဲ့ တောင်တွေ မြစ်တွေ ပြန်ပေါ်လာပြီး မျှော်လင့်ချက်တွေ တလက်လက်တောက်ပနေတဲ့ နေ့တစ်နေ့ ဖြစ်လာလိမ့်မယ်လို့ သူမ မထင်ခဲ့ဘူး။
ကျင့်ဝမ်ဧကရာဇ်ဖြစ်လာလျှင် ရှီဇီ ...... သူသည် ထိုက်ဇီဖြစ်လာသည်မဟုတ်လော။
မနီးမဝေး အခြားဝင်းတစ်ခုတွင် မီးများ တစ်ညလုံး လင်းနေခဲ့သည်။ ကျိုးရွှင်းဟွာသည်လည်း ကျောက်ဇီရှင်းမှ ပေးပို့သော သတင်းကို ကြားလိုက်ရသောအခါ အကြာကြီး ထိတ်လန့်သွားသည်။
အိမ်အကူက ကျိုးရွှင်းဟွာ ကြောက်သွားသည်ဟု ထင်နေခဲ့သည်။ သူမသည် ဆေးယာဂုကိုမွှေနေပြီး ကျိုးရွှင်းဟွာ၏ လက်ပေါ်တင်ပေးကာ " စီဖေး... သိပ်မကြောက်ပါနဲ့... တော်ဝင်မိသားစုရဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာပြောဖို့ တားမြစ်ထားတယ်... တစ်ညလုံး မအိပ်ရရင် စီဖေးရဲ့ ခန္ဓာကိုယ်က တောင့်မခံနိုင်ဘူး... ယာဂုကို အရင်သောက်ပါ "
ကျိုးရွှင်းဟွာ၏ နှုတ်ခမ်းများတွင် ဒေါသတကြီး အပြုံးတစ်ခု ပေါ်လာသည်။ သူမ လုံးဝ မကြောက်ပါဘူး၊ သူမ အရမ်းပျော်နေတယ်...ပြီးတော့ ကံက မဆီလျော်လွန်းဘူး။
ထင်ရှားသည်မှာ၊ သူမသည် ကလေးမွေးဖွားလုနီးပါးဖြစ်နိုင်သည်။ မိခင်သည် သား၏ဂုဏ်ဖြင့် သိက္ခာရှိလိမ့်မည်။ သူမမှာ ကလေးတစ်ယောက်ရှိခဲ့ပေမယ့် လုယိဖေး က ကလေးမရရှိခဲ့ဘဲ ချိုင်မှူးမတ်စံအိမ်ရဲ့ ပံ့ပိုးမှုနဲ့အတူ သူမကို ထိုက်ဇီဖေး* အဖြစ် အပ်နှင်းခံရသင့်သည်။
YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...