Ch-45

3.7K 363 9
                                    

အခန်း ၄၅ မီးပုံးပွဲတော်

တုကျင်းက ထန်ရှီးရှီး နောက်ကနေ အနီးကပ်လိုက်နေခဲ့သည်။ သူမ၏မေးခွန်းများကို ကြားပြီးနောက် ၎င်းအကြောင်းကို သေချာစဉ်းစားပြီး "ကျွန်မလည်း အဲဒါကို သိပ်မသိပါဘူး... အရင်နှစ်တွေက ရှုမိသားစုက လက်ဆောင်တွေ လာပေးတယ်လို့ ကြားပေမယ့် ဒီနေ့က ရှုသခင်မက စံအိမ်ကို လူကိုယ်တိုင်လာရောက်တာ ပထမဆုံးအကြိမ်ပါပဲ "

ထန်ရှီးရှီးသည် သူမ၏ စကတ်ကို မလိုက်ပြီး နွေးထွေးသော ဆောင်းတွင်းနေရောင်ထဲသို့ ခြေလှမ်းများလှမ်းကာ အနီရောင်တောက်တောက် ၀တ်စုံဖြင့် လမ်းလျှောက်နေသည်။ တုကျင်း၏ စကားများသည် ထန်ရှီးရှီး၏ယူဆချက်နှင့် မဝေးလှပေ။ ရှုသခင်မသာ နှစ်တိုင်း လာလည်ရင် ကျင့်ဝမ်က ဘယ်မှာ ဒီလောက် စိတ်ထားကောင်းမှာလဲ။

ဒီနှစ်မှာတော့ ရှုသခင်မက မထိန်းနိုင်ခဲ့ဘူး။ ပထမတစ်ချက်ကတော့ ကျောက်ဇီရှင်းက အိမ်ထောင်ကျပြီးတာကြောင့် ရှီဇီဖေးကို တွေ့ချင်လို့ ဖြစ်နိုင်သည်။ ဒုတိယအနေနဲ့ ရာဇ၀တ်မှုကျူးလွန်ခဲ့တဲ့ သူမရဲမောင်လေးကြောင့်ဖြစ်နိုင်သည်။

ထန်ရှီးရှီးက " တုကျင်း... မင်း ဘယ်တုန်းက ဒီအိမ်တော်ထဲကို ၀င်ခဲ့တာလဲ... ဝမ်ရယ် နဲ့ ရှု မိသားစု အကြောင်း မင်းဘယ်လောက်သိလဲ"

"ယွင်ရှီရဲ့တတိယနှစ်မှာ ကျွန်မ အိမ်တော်ထဲကို ၀င်ခဲ့တာ" တုကျင်းက သက်ပြင်းချလိုက်ပြီး "အဲဒီတုန်းက ကျွန်မ ငယ်သေးလို့ အများကြီး မမှတ်မိတော့ဘူး... အဲဒီနှစ်က စပါးရိတ်တာ အရမ်းဆိုးတာကိုပဲ မှတ်မိတယ်... လူတွေအများကြီးက အသက်မရှင်နိုင်ဘဲ သားသမီးတွေကိုပဲ ရောင်းချနိုင်တော့တယ်... ဒီလိုနဲ့ ကျွန်မ ကျင့်ဝမ်ရဲ့ အိမ်‌တော်ထဲကို ၀င်လာခဲ့ရတာ... အဲဒီတုန်းက ကျွန်မက လူတွေကို အလုပ်အကျွေးပြုဖို့ပဲ ကြိုးစားနေရပြီး ဘာမှ မသိနားမလည်ခဲ့ပါဘူး... စံအိမ်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို လေ့လာဖို့ အချိန်မရခင်မှာ တာတာတွေရဲ့ တိုက်ခိုက်မှုအကြောင်း ကြားခဲ့ရတယ်... နယ်ခြားစောင့်တပ်တွေက တတပ်ပြီး တတပ် ရှုံးနေခဲ့တာ... ရှီးဖျင်က လူအများအပြားက တောင်ဘက်ကို ထွက်ပြေးခဲ့ကြပေမယ့် ဝမ်ရယ်က မထွက်ခွာဘဲ လူတွေကို မြောက်ဘက်ကို ခေါ်ဆောင်သွားခဲ့တယ်.... ကျွန်မတိုက အိမ်တော်ထဲမှာ ကြောက်လန့်တကြား စောင့်နေခဲ့ကြရတယ်... ဆောင်းဦးကနေ ဆောင်းရာသီအထိပဲ... နောက်ဆုံးတော့ တာတာတွေ ဆုတ်ခွာသွားကြောင်း ကျွန်မတို့ကြားခဲ့ပေမယ့် ဝမ်ရယ်ကတော့ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်... သူ အိမ်တော်ကို ပြန်ရောက်ပြီးနောက် လပေါင်းများစွာကြာမှ ပြန်လည်သက်သာလာခဲ့တာ...နောက်တော့ ရှုကျင်းက အဲ့စစ်ပွဲမှာ ဝမ်ရယ်ကို ကာကွယ်ဖို့ သေဆုံးခဲ့တယ်လို့ သိခဲ့ရတယ် "

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now