Ch-26

3.2K 391 10
                                    

အခန်း ၂၆ မြေခွေးလေး

ထန်ရှီးရှီးသည် ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားပြီး၊ ထို့နောက် သူမကိုယ်သူမ လက်ညှိုးထိုးပြကာ မယုံနိုင်စွာဖြင့် "ကျွန်မ သွားရမှာလား"

ကျောက်ချန်ကျွင်းသည် မျှော်လင့်ထားသည့်အတိုင်းပင် ပေါ့ပေါ့တန်တန် ခေါင်းညိတ်လိုက်ပြီး ထန်ရှီးရှီးသည်လည်း ခဏတာ စိတ်ရှုပ်ထွေးသွားကာ " ဝမ်ရယ်.... ကျွန်မက မိန်းကလေးတစ်ယောက်ပါ "

ကျောက်ချန်ကျွင်းက သူမကို ရူးနေလားဆိုတဲ့အမူအရာနဲ့ ကြည့်ပြီး "ငါ သိတယ်"

"သူ(မ)လည်း မိန်းကလေးပဲ!" ထန်ရှီးရှီးသည် သူမ၏ အသံကို တိုးဖို့တောင် သတိမရတော့ပေ။ နှစ်ဘက်လုံးက လူတွေက သူတို့ကို ကြည့်လိုက်ကြသည်။ ထန်ရှီးရှီးသည် သူမ အရမ်းစိတ်လှုပ်ရှားနေမှန်း သိလိုက်ပြီး အသံကို အမြန်လျှော့လိုက်သည်။ " ဝမ်ရယ်.... လူငယ်တစ်ယောက်က မင်းသမီးဆီကို အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင် ပို့ပေးတာက ပိုပျော်စရာကောင်းတယ်လေ... ဒါပေမယ့် ကျွန်မက မိန်းခလေးလေ.. ကျွန်မ ပို့ပေးရင် ဘယ်လို ဖြစ်သွားမလဲ"

ကျောက်ချန်ကျွင်းက ရှေ့ကို လှမ်းကြည့်လိုက်သည် "မင်းကိုယ်တိုင်က အဲဒါကို ပြင်ဖို့ မင်း ဘာလုပ်ပေးရမလဲလို့ မေးခဲ့တာ မဟုတ်ဘူးလား... သူ(မ)က မကြာခင် ပြန်လာတော့မယ်... ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကတော့ သွားရမှာပဲ... မင်းအဲဒါကို တွေးကြည့်လေ "

ထန်ရှီးရှီးသည် အချိန်အတော်ကြာတွေးကာ စိတ်ပျက်သွားခဲ့ပြီး ချေပရန် စကားလုံးများကို မစဉ်းစားနိုင်တော့ပေ။ ကျောက်ဇီရှင်းရောက်လာပြီး "အဖေ... မြေခွေးကလေးက သိပ်မတက်ကြွဘူး... ဆက်ထားချင်သေးလား"

ကျောက်ချန်ကျွင်းက ထန်ရှီးရှီးကို ဖျတ်ခနဲ ငုံ့ကြည့် လိုက်ပြီး "သူ့(မ)ကို ပေးလိုက်ပါ "

ကျောက်ဇီရှင်း အနည်းငယ် အံ့သြသွားသည်။ သူက ထန်ရှီးရှီးကို အလျင်အမြန် ကြည့် လိုက်ပြီး သူ့အကြည့်တွေကို ပြန်ရုတ်လိုက်ပြီး သူ့လက်အောက်ငယ်သားတွေကို "ထန်မိန်းခလေးကို ပေးလိုက်ပါ "

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now