Ch-15

3.8K 422 6
                                    

အခန်း ၁၅ ဖော်ထုတ်ခြင်း

ရေကန်ထဲသို့ မိုးရွာချနေကာ လေသည် ရေကန်ကို ဖြတ်ကျော်လာကာ အလွန်အေးမြနေသည်။ ထန်ရှီးရှီးက သူမ၏အမူအရာကို မပြောင်းလဲဘဲ အင်္ကျီလက်စများကို တိတ်တဆိတ် ဆွဲတင်လိုက်ပြီး "ဟုတ်ကဲ့... ဒီနေ့ ဝမ်ရယ်ကိုတွေ့ဖို့ လူတော်တော်များများရောက်လာကြပြီး ဝမ်ရယ်က အချိန်မရှိတာကြောင့် ရှီဇီကို စကားအနည်းငယ်ပြောခိုင်းလိုက်တယ်"

ကျောက်ဇီရှင်း ၏အမူအရာမှာ တင်းမာနေပုံပေါ်သည်၊ "အဖေ ဘာပြောလိုက်တာလဲ"

ထန်ရှီးရှီး၏မျက်လုံးများသည် ကျောက်ဇီရှင်း၏နောက်မှ လူများကိုကြည့်လိုက်ရာ ကျိုးရွှင်းဟွာနှင့် ရန်ယွိကျင်တို့လည်း စိတ်ရှုပ်နေပုံပင်။ သို့သော်လည်း ထန်ရှီးရှီးက ငြင်းဆိုခဲ့သည်။ သူမသည် ကျိုးရွှင်းဟွာကို အကြိမ်ပေါင်းများစွာ စိုက်ကြည့်ကာ ရှက်ရွံ့သောအကြည့်ဖြင့် "ဒါ... ကျင့်ဝမ်က ရှီဇီကို သီးသန့်စကားပြောဖို့ ပြောခဲ့တယ်... တခြားသူတွေ အနားမှာရှိနေရင် မသင့်တော်မှာကို ကျွန်မ ကြောက်တယ်"

ကျောက်ဇီရှင်းက ဘေးကို ကြည့်လိုက်ပြီး "မင်းတို့နှစ်ယောက် ပြန်သွားလို့ရပြီ... မင်းတို့ ဒီနေ့ ငါ့ကို အစေခံစရာ မလိုတော့ဘူး"

ကျိုးရွှင်းဟွာနှင့် ရန်ယွိကျင်နှစ်ယောက်စလုံး ထန်ရှီးရှီးကို စိုက်ကြည့်ကာ သူမအပေါ် မကျေမနပ် ဖြစ်နေကြသည်။ ထန်ရှီးရှီးသည် တကယ်ကို လေးနက်သော အကြံအစည်ရှိသူဖြစ်သည်။ ကျိုးရွှင်းဟွာသည် ထန်ရှီးရှီး ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ကို သံသယဖြစ်မိသည်။ ထန်ရှီးရှီးက သူတို့ကို တမင်တကာ လွှတ်လိုက်ပြီး ရှီဇီနဲ့ တစ်ယောက်တည်း နေချင်နေသည်။ သို့သော် ကျိုးရွှင်းဟွာမှာ သက်သေမရှိ၍ မပြောနိုင်ပေ။ ထန်ရှီးရှီးသည် ကျင့်ဝမ် ကိုယ်စား ဤနေရာတွင် သတင်းပေးဖို့လာခဲ့သည်။ ကျိုးရွှင်းဟွာက ကျင့်ဝမ်ကို မေးခွန်းထုတ်ဝံ့သလား။

ကျောက်ဇီရှင်းလည်း မှားသည်ဟု ခံစားမိသော်လည်း ကျင့်ဝမ်၏ အမိန့်ကို ပွင့်ပွင့်လင်းလင်း မနာခံပဲ မနေဝံ့ပေ။ ကျိုးရွှင်းဟွာနှင့် ရန်ယွိကျင်တို့သည် ထွက်ခွာရန် တွန့်ဆုတ်နေခဲ့ကြသည်။ ထန်ရှီးရှီးကို ဖြတ်သွားသောအခါ ရန်ယွိကျင်သည် မထိန်းနိုင်ဘဲ ထန်ရှီးရှီးကို စိုက်ကြည့်နေသည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Donde viven las historias. Descúbrelo ahora