အခန်း ၇၂ ဝမ်ဖေး
ကျောက်ချန်ကျွင်းက မြင်းကိုစီးပြီး ဒုတိယတံခါးဆီသို့ တန်းတန်းမတ်မတ်ဝင်လာခဲ့သည်။ သူက သူ့လူများဆီသို့ မြင်းဇက်ကြိုးကို ပစ်ချလိုက်ပြီး နောက်ဘက် ခြံဝင်းဆီသို့ မရပ်မနား လျှောက်လာကာ "သူ(မ) နေကောင်းလား"
လျှိုကျိသည် ဝမ်ရယ်ထံမှ စာတစ်စောင်ကို လက်ခံရရှိပြီး ယနေ့နံနက် အစောပိုင်းတွင် သူပြန်လာမည်ဖြစ်ကြောင်း သိသည်။ လျှိုကျိက သတိလက်လွတ်မခံဝံ့ဘဲ ကျောက်ချန်ကျွင်းနှင့်တွေ့ဆုံရန် တံခါးဝသို့ အမြန်သွားခဲ့သည်။ ရှီဇီနှင့်ရှီဇီဖေးတို့သည် ကျင်ကျားခြံဝင်းသို့သွားခဲ့ကြပြီး လျှိုကျိသည် ကျောက်ချန်ကျွင်း၏နောက်တွင် ပြေးလွှားနေပြီး အိမ်တော်၏အရေးကိစ္စများကို ဆောလျင်စွာ ပြန်ပြောပြရင်း " ဝမ်ရယ်... ထန်မိန်းခလေးမှာ ကိုယ်ဝန် ရှိနေပါပြီ "
ကျောက်ချန်ကျွင်းက အစောပိုင်းတွင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ အပြည့်အဝ ပြုလုပ်ခဲ့ပြီး ရင့်ကျက်သန်မာသော်လည်း၊ သူ့တစ်ကိုယ်လုံး စက္ကန့်ပိုင်းမျှ တောင့်တင်းလာပြီး အံ့အားသင့်သွားကာ "ဘာလဲ?"
လျှိုကျိက အသက်ရှုမဝသလို "ဒါအမှန်ပါပဲ... ထန်မိန်းခလေးက သူ(မ)ကိုယ်တိုင် နယ်လှည့်သမားတော်ကို တိတ်တဆိတ်ခေါ်ပြီး နောက်ပိုင်းမှာ ရှီဇီက ပျော်ရွှင်တဲ့သွေးခုန်နှုန်းကို စစ်ဆေးသိရှိဖို့ တော်ဝင်သမားတော်ကို ခေါ်ခဲ့တယ်... ကျွန်တော်မှာလဲ စုံစမ်းမေးမြန်းဖို့ လူအချို့ရှိပြီး ထန်မိန်းခလေးရဲ့ဓမ္မတာ ရပ်တန့်သွားတာကို တွေ့ရှိခဲ့ပါတယ်.. လွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ သူ(မ)က ရုတ်တရက် ပျော်ရွှင်တာနဲ့ ဝမ်းနည်းတာ တလှည့်စီဖြစ်နေပြီး သူ(မ)ရဲ့ခံစားချက်တွေက မှားယွင်းနေပုံပေါ်တယ်... ကိုယ်ဝန်ရှိနေပြီဆိုတာ သံသယဖြစ်စရာမလိုပါဘူး"
ကျောက်ချန်ကျွင်း မည်မျှကြာအောင် ထိတ်လန့်သွားသည် မသိပေ။ သူ သတိပြန်ဝင်လာပြီးနောက်တွင် သူ အံ့အားသင့်နေသလား၊ ဒေါသထွက်နေသလားလို့ သူ့ကိုယ်သူတောင် မသိတော့ပေ။ သူက "မင်းစာထဲမှာ ဒီလောက်အရေးကြီးတာကို ဘာလို့ မပြောတာလဲ" ဟု ပြတ်ပြတ်သားသား ပြောလာသည်။
ESTÁS LEYENDO
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Ficción históricaMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...