အခန်း ၁၃၃ ချစ်ခင်စုံမက်ခြင်း
နေရောင်သည် တိတ်ဆိတ်နေပြီး အပြင်ဘက်တွင် ပုစဉ်းရင်ကွဲများ အော်နေကြသည်။ ခဏအကြာတွင် ထန်ရှီးရှီးက "အရှင်ဆီက ဖွတ်ထားလို့ ကျွန်မကို အပြစ်တင်နေတာလား"
"မတင်ဘူး" ကျောက်ချန်ကျွင်းက သက်ပြင်းအနည်းငယ်ချလိုက်ပြီး "တကယ် အပြစ်မတင်ဘူး... မင်းလုပ်ခဲ့တာတွေက မှန်တယ်... လူတွေရဲ့ စိတ်နှလုံးက မှန်းဆလို့ မရဘူး... ဒီလို ထူးဆန်းတဲ့ စွမ်းအားတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ဝိညာဉ်ရေးအကြောင်း ဘယ်သူ့ကိုမှ မပြောသင့်ပါဘူး "
"ဒါပေမယ့် ..."
"ဒါပေမယ့် ဆိုတာမရှိဘူး" ကျောက်ချန်ကျွင်းက ထန်ရှီးရှီးကို လွှတ်လိုက်ပြီး သူမရဲ့ ဆံပင်ဆံထုံးတဝိုက်ကို သပ်ရပ်အောင် ကူညီပေးရင်း " မင်း ကိုယ့်ကို ယုံကြည်နိုင်မယ်လို့ ကိုယ် မျှော်လင့်ပါတယ်... ဒါပေမယ့် မင်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ်လို့လဲ ကိုယ်မျှော်လင့်ပါတယ်"
ထန်ရှီးရှီးက ကျောက်ချန်ကျွင်းကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။ သူမ၏ မျက်တောင်များ လှုပ်လာပြီး မျက်လုံးများမှ မျက်ရည်များ ရုတ်တရက် ကျဆင်းလာသည်။ ကျောက်ချန်ကျွင်းက သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်များကို သုတ်လိုက်ပြီး "ဘာလို့ အကြောင်းပြချက်မရှိဘဲ ငိုနေတာလဲ... စာအုပ်ကို စုတ်တံနဲ့ ရေးထားပေမယ့်လည်း ဘဝက မင်းပိုင်တဲ့အရာပါ... ကိုယ်တို့ရဲ့ အနာဂတ်လမ်းကြောင်းကို စာအုပ်တစ်အုပ်တည်းက လွှမ်းမိုးနေခြင်းက မဖြစ်သင့်ပါဘူး... အဲဒီစာအုပ်ကို မီးရှို့ကြရအောင်"
ထန်ရှီးရှီးအံ့သြသွားပြီး "ဒါပေမယ့် စစ်ပွဲက မပြီးသေးဘူး... အရှင် သိမ်းဆည်းထားရင် အဲ့တာကို အချိန်မရွေး ကိုးကားချက်အဖြစ် အသုံးပြုနိုင်တယ်"
"မလိုပါဘူး" ကျောက်ချန်ကျွင်းက " စစ်ပွဲအောင်မြင်တာ ဒါမှမဟုတ် ကျရှုံးတာက အကြောင်းအချက်များစွာရှိပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ကိုယ့်ကို စာအုပ်တစ်အုပ်က ဦးဆောင်နေတာကို ခွင့်မပြုသင့်ဘူး... ကိုယ် အနိုင်ရဖို့ စာအုပ်ရဲ့အကြံပြုချက်တွေကို အားကိုးနေရမယ်ဆိုရင် ဒီစစ်ပွဲတွေကို ကိုယ် မတိုက်ခိုက်နေတော့ဘူး"

أنت تقرأ
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
أدب تاريخيMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...