အခန်း ၁၄ သက်သေ
ထန်ရှီးရှီးက သူမ၏ လက်ဖဝါးကို စိုက်ကြည့်နေသည်။ အချိန်အတော်ကြာအောင် ကြည့်ပြီး ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။
မှတ်စုတွင် "အခွင့်အလမ်းကိုစောင့်ပါ... သူ့စာပေတွေကို ဖတ်ဖို့အခွင့်အရေးကို ရှာပါ "
ဤနေရာတွင် "သူ" သည် မည်သူဖြစ်သည်ကို ကိုယ့်ဘာသာစဥ်းစားရမှာပင်။
ထန်ရှီးရှီးသည် မှတ်စုကို လှန်လိုက်ကာ ဖယောင်းတိုင်မီးရောင်အောက်တွင် မှင်ရောင် စကားလုံးများ ပြာအဖြစ်သို့ ပြောင်းသွားသည်ကို ကြည့်လိုက်သည်။ ဧကရီမယ်တော်ကြီးယောင်သည် ကျင့်ဝမ်စံအိမ်တွင် တစ်စုံတစ်ဦးကို မြှုပ်နှံထားခဲ့ခြင်းမှာ မလွဲမသွေဖြစ်နိုင်သော်လည်း သူမ၏လက်များသည် ပင်မဝင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ပုံရသည်။
နောက်ဆုံးတော့ ဧကရီမယ်တော်ကြီးယောင်က အိမ်ထောင်သည်ပါ။ သူမသည် ဧကရီမယ်တော်ကြီး ဖြစ်ခဲ့လျှင်ပင် စစ်မှုထမ်းရန် အစေခံ သို့မဟုတ် ကျွန်များကို အသုံးမပြုနိုင်ပေ။ ဧကရီမယ်တော်ကြီးယောင်က ကျင့်ဝမ်ကို အနောက်မြောက်ကို စောင့်ခိုင်းပေမယ့် ကျင့်ဝမ်ကို မယုံတဲ့အတွက် သူမအတွက် သတင်းတွေကို စူးစမ်းဖို့ အမျိုးသမီးတွေကို အသုံးပြုဖို့ လှည့်ကွက်တစ်ခု လုပ်ခဲ့တယ်။
ဒါက မိုက်မဲတဲ့ အကြံအစည်တစ်ခုလို့တော့ မပြောသင့်ဘူး။ ကမ္ဘာပေါ်တွင် ထိုသို့သောမိန်းမတစ်ကယ်ရှိလျှင် ကျင့်ဝမ်သည် ထိုမိန်းမကို သူလျှိုတစ်ဦးဖြစ်ကြောင်း သိပြီး တစ်ချိန်တည်းတွင် ထိုသူလျှိုက အသုံးမဝင်နိုင်တော့ပေ။ ထန်ရှီးရှီးသည် သူလျှိုရှိမရှိကို မသိသော်လည်း ဤလူသည် သူမ မဟုတ်မှန်း သိသာသည်။
ထန်ရှီးရှီးသည် ဧကရီမယ်တော်ကြီး ဖြစ်ချင်ပြီး အေးချမ်းသောဘဝကို ဖြတ်သန်းချင်ခဲ့သည်။ ဧကရီမယ်တော်ကြီးယောင်နဲ့ ကျင့်ဝမ်တို့ရဲ့ အငြိုးထားမှုက ထန်ရှီးရှီးနဲ့ ဘာဆိုင်လို့လဲ။ သူတို့ကိုဘာသူတို့ တိုက်ခိုက်ခဲ့နေလေ။ ထန်ရှီးရှီးကတော့ သူမ၏ကိုယ်ပိုင် အနာဂတ်အလားအလာကို အကောင်အထည်ဖော်ချင်တာပဲရှိသည်။

YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...