Ch-107

3K 298 3
                                    

အခန်း ၁၀၇ ဆွဲဆောင်မှု

နောက်တစ်နေ့တွင် ထန်ရှီးရှီးက နံနက်စောစောထကာ ကျင်းလင်၏ ခေတ်ဆန်သောရွှေဖြူရောင် ကုတ်အင်္ကျီရှည်ကို ၀တ်ဆင်ထားပြီး ပန်းဖျော့ဖျော့ရောင် ပွင့်ဖူးလွှာပုံစကတ်ကို ၀တ်ဆင်ကာ ဧကရီမယ်တော်ကြီးယောင်အား ဂါရဝပြုရန်အတွက် ဧကရာဇ်နန်းတော်ဝင်းသို့ သွားရောက်ခဲ့သည်။

ဧကရီမယ်တော်ကြီးယောင်သည် လက်ရှိဧကရာဇ်မင်းမြတ်၏ အဖွားဖြစ်ပြီး ကျင့်ဝတ်အရ အဘွားတော်ဧကရီဟု ခေါ်ဆိုသင့်သည်။ သို့သော်လည်း ဧကရီမယ်တော်ကြီးယောင်သည် ဧကရာဇ်မင်းမြတ်အား အဘွားတော်ဧကရီဟု မခေါ်စေလိုသောကြောင့် ဧကရာဇ်မင်းမြတ်၏မိခင်အား သတ်ပစ်လိုက်ပြီး ကုလားကာနောက်ကွယ်မှ နိုင်ငံရေးကို အုပ်ချုပ်ရန် မယ်တော်ဧကရီ၏အဆင့်အတန်းကို အသုံးပြုနေဆဲဖြစ်သည်။ အင်ပါယာ နန်းတွင်းအရာရှိများနှင့် သာမန်ပြည်သူအားလုံးက သူ့ကို ဧကရီမယ်တော်ကြီးယောင်ဟုခေါ်ကြသည်။

ထန်ရှီးရှီးက သူမ၏ သက်သေခံတံဆိပ်ကို ပေးအပ်ခဲ့ပြီး မကြာမီ တစ်စုံတစ်ဦးမှ သူမကို ကြိုဆိုသည်။ အသက်နှစ်ဆယ်ကျော် အစိမ်းရောင်နန်းတော်ဝတ်စုံကို ၀တ်ဆင်ထားသော ကူးကူးက ဆံပင်ကိုသပ်ရပ်စွာ ဖြီးထားကာ ထန်ရှီးရှီးကို ညင်သာစွာ အရိုအသေပေး ပြီး " မဝံမရဲ မေးချင်တာက ဒါ ကျင့်ဝမ်ဖေးလား?"

ထန်ရှီးရှီးက ကူးကူး၏အရိုအသေပေးခြင်းကို ရှောင်လိုက်ပြီး ခေါင်းညိတ်ကာ "ဒါက ငါပဲ"

"ဧကရီမယ်တော်ကြီးယောင်က ဝမ်ဖေးကို စောင့်နေတာ ကြာပါပြီ" ကူးကူး က ပြုံးပြီး ဘေးကို ထွက်သွားကာ " ဝမ်ဖေး... ကျွန်မနောက်ကို လိုက်ခဲ့ပါ။"

ထန်ရှီးရှီးက ကူးကူးနောက်မှ စီနင်းနန်းတော်သို့ လိုက်သွားခဲ့သည်။ ထန်ရှီးရှီးက စီနင်းနန်းတော်အတွက် သူစိမ်းမဟုတ်ပေ။ လွန်ခဲ့သည့်ငါးနှစ်ခန့်က သူမသည် နန်းတော်သို့ စတင်ဝင်ရောက်စဉ်က ချူရှို့နန်းတော်တွင် အလှမယ်များစွာဖြင့် နေထိုင်ခဲ့ပြီး အနုပညာလေးခုဖြစ်သော ဇီသာ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ၊ ကျင့်ဝတ်များကို နေ့တိုင်း လေ့ကျင့်ခဲ့ရသည်။ ချူရှို့နန်းတော်သည် ပြင်းထန်သော ယဥ်ပြိုင်တိုက်ပွဲများနှင့်အတူ အလှတရားများ ပြည့်နှက်နေသည်။ အလှမယ်တွေကြားမှာ ကောင်းမွန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဖျော်ဖြေမှုက ဒုတိယတစ်ခုပါပဲ။ အရေးကြီးဆုံးက ဧကရီမယ်တော်ကြီးယောင်ကို နှစ်သက်စေဖို့ပါပဲ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now