Ch-118

2.7K 307 7
                                    

အခန်း ၁၁၈ အင်အားဖြင့် ဖောက်ထွင်းဝင်ရောက်ခြင်း

ထန်ရှီးရှီးက ဘရိုကိတ်အိတ်ကို စိုက်ကြည့်ကာ သူမ၏မျက်နှာသည် တဖြည်းဖြည်း ဖြူဖျော့လာသည်။ ဧကရီမယ်တော်ကြီးယောင်က ၎င်းသည် ခန္ဓာကိုယ်အား သန်မာစေသော ဆေးတစ်လက်ဖြစ်သည်ဟု ပြောခဲ့သော်လည်း ထန်ရှီးရှီးက အဆိပ်ဖြစ်ကြောင်း မည်သို့မျှ မခန့်မှန်းနိုင်ပဲ မနေပေ။

ထန်ရှီးရှီး၏ဦးနှောက်သည် ကွက်လပ်ဖြစ်သွားသကဲ့သို့ တုန်ခါသွားကာ သူမ၏ ခြေလက်များ ရှိနေသည်ကို သူမ မခံစားနိုင်တော့ပေ။ ထန်ရှီးရှီးက အချိန်အတော်ကြာမှ သတိပြန်ဝင်လာပြီး ညင်သာစွာပြုံးကာ " ဝမ်ရယ်က သူရဲ့အခြေခံလိုအပ်ချက်တွေကို ထိန်းချုပ်ရာမှာ အရမ်းတင်းကြပ်ပါတယ်... သူက အမည်မသိ အရင်းအမြစ်က ဘယ်အရာကိုမှ မသောက်ပါဘူး... သူ့ကို အဆိပ်ခတ်ဖို့ မသင့်တော်မှာကို ကျွန်မကြောက်တယ်"

ဧကရီမယ်တော်ကြီးယောင်သည် ထန်ရှီးရှီး၏ အမှုအရာကို ကြည့်ပြီး ဖြည်းညှင်းစွာ " သူက အပြင်လူတွေဆီက ဘာမှ မသောက်ဘူး... ဒါပေမယ့် မင်း သူ့ကို ကိုယ်တိုင်ပေးရင် သူက သေချာပေါက် သံသယဖြစ်မှာ မဟုတ်ဘူး... ကျင့်ဝမ်ဖေး မင်း ဘယ်လိုထင်လဲ"

"ကျွန်မ ရာထူးက နိမ့်ကျပြီး သြဇာမရှိပါဘူး... ကျင့်ဝမ်ရဲ့အိမ်တော်မှာ ကျွန်မက ကျွန်မရဲ့ကလေးကိုပဲ အားကိုးတကြီး သိမ်းပိုက်ထားနိုင်ခဲ့တာပါ... တကယ်တော့ ကျင့်ဝမ်ရဲ့နှလုံးသားထဲမှာ ကျွန်မက အရေးမကြီးပါဘူး... အခွင့်​အ​ရေးမရှာနိုင်​မှာကို ကျွန်မ ​ကြောက်မိ​တယ် "

ဧကရီမယ်တော်ကြီးယောင်က ပြုံးနေပေမယ့် မျက်လုံးတွေက နွေးထွေးမှု မရှိတော့ဘဲ "မင်း မရှာနိုင်တာလား.... မရှာချင်တာလား"

ထန်ရှီးရှီးက အကြောင်းပြချက်ရှာရန် မလိုအပ်တော့ကြောင်း သိလျက် နှုတ်ခမ်းကို ဖိထားလိုက်သည်။ ဧကရီမယ်တော်ကြီးယောင်က သူမကို သံသယဝင်နေပြီ။

ဧကရီမယ်တော်ကြီးယောင်၏ ယုံကြည်မှုကို ဆက်လက်ရယူရန် ဤဆေးပုလင်းကို ယူမှဖြစ်မည်ပင်။

ထန်ရှီးရှီးက ဤနေ့ကို အစောကြီးထဲက မျှော်လင့်ထားခဲ့သည်။ သူမဟာ ဉာဏ်မမီဘူး၊ သွက်သွက်လက်လက်နဲ့ သရုပ်ဆောင် နိုင်လောက်တဲ့ အရည်အချင်းမရှိဘူးဆိုတာ သူမ သိသည်။ ဧကရီမယ်တော်ကြီးယောင်က သူမကို သံသယမဝင်ခင် အချိန်တစ်ခုပဲရှိတော့သည်။ သို့သော် ထန်ရှီးရှီးက ဤနေ့ကို မကြာမီ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now