(အချပ်ပို- ၈) အခန်း ၁၄၃ - ယခင်ဘဝ ၆
စာလိပ်ကို ကိုင်ထားသည့် ကျောက်ချန်ကျွင်း၏ လက်သည် ရုတ်တရက် တင်းကျပ်သွားသည်။ သူ နန်းတော်မှထွက်ပြီး လေးနှစ်ကြာအောင် သူမကို ရှာနေခဲ့သည်။
သို့သော် နှစ်များတစ်လျှောက်တွင် သူ လူမည်မျှစေလွှတ်ကာမူ၊ ကင်းထောက်မည်မျှ ဖြန့်ကျက်ထားစေကာမူ သတင်းမရရှိဘဲ သမုဒ္ဒရာထဲတွင် ပြုတ်ကျနေသည့် ကျောက်တုံးကဲ့သို့ ဖြစ်နေသည်။ ကျောက်ချန်ကျွင်းက ဘယ်တော့မှ လက်မလျှော့ပေမယ့် သူ့စိတ်ထဲမှာ ပိုကြောက်လာမိသည်။
သူ့နာမည်ကို မှားပြီး မှတ်မိမှာကို စိုးရွံ့သလို၊ သူမကို ရှာမတွေ့မှာကိုလည်း ကြောက်သည်၊ သူမ အိမ်ထောင်ကျပြီးသား ဖြစ်မှာကိုလဲ ကြောက်သည်။ သူမ အသက်မရှိတော့မှာကို ပိုကြောက်သည်။ အခု ရုတ်တရက် သတင်းကြားတော့ ကျောက်ချန်ကျွင်းရဲ့ ပထမဆုံး တုံ့ပြန်မှုက အဲဒါကို ရှောင်ဖို့ပါပဲ။
သို့သော် ဖြစ်ရပ်မှန်များကို ရင်ဆိုင်ရန် သူ့ကိုယ်သူ တွန်းအားပေးခဲ့သည်။ သူက သူ့စားပွဲမှာ ခဏထိုင်ပြီး သူ့လူတွေ ယူဆောင်လာတဲ့ ပုံတူကို ဖြည်းညှင်းစွာ လှန်ပြလိုက်သည်။
ကျောက်ချန်ကျွင်းသည် စိတ်ပိုင်းဆိုင်ရာကို အပြည့်အဝ ပြင်ဆင်ထားသော်လည်း ပုံတူထဲမှအမျိုးသမီးလေးကို မြင်သောအခါ သူ့မျက်လုံးများသည် တဖြည်းဖြည်း ပူနွေးလာသည်။
ဒါက အတိအကျကို သူမပါပဲ။ သူမသည် ငယ်ရွယ်နုပျိုနေသော်လည်း သူမ၏ မျက်နှာသွင်ပြင်မှာ တူညီသည်ကို သူမြင်နိုင်သည်။
သူမ အသက်ရှင်နေသေးတာတော့ တကယ်ကောင်းပါတယ်။
ကျောက်ချန်ကျွင်းသည် ပုံတူကိုကြည့်ရန် အာရုံစိုက်ခဲ့ပြီး သူ့လက်အောက်ငယ်သားများ၏ အနည်းငယ် ထူးဆန်းသောအမူအရာများကို လုံးဝ ဂရုမစိုက်ပါ။ သူ့လက်အောက်ငယ်သားများသည် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသော်လည်း ဝမ်ရယ်အား သတိပေးရမည်ဟု ခံစားနေကြရဆဲဖြစ်သည်။ "အဲဒီမိန်းကလေးရဲ့ မိသားစုနာမည်က ထန်ဖြစ်ပြီး သူမရဲ့ အနောက်ဆောင် နာမည်ကိုတော့ မသိရသေးပါဘူး...ဒါပေမယ့် အဲ့မိသားစုက အစေခံဟောင်းတွေရဲ့အပြောအဆိုအရ အကြီးဆုံးသခင်မလေးကို မျက်နှာသာ မပေးပါဘူး... ထန်မိသားစုက အကြီးဆုံးမိန်းမပျိုလေးရဲ့ အချက်အလက်အားလုံးက ဝမ်ရယ် လိုက်ရှာနေတဲ့လူနဲ့ လိုက်လျောညီထွေ ဖြစ်ပါတယ်...ဒါပေမယ့် ..."

YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...