အခန်း ၃၂ ပြန်လည်ထူထောင်ရေး
ထန်ရှီးရှီး ကောင်းကောင်းမအိပ်ခဲ့ရဘူး။ သူမကို လာရောက်ကယ်တင်သူများက စခန်းသို့ ပြန်ပို့ပေးပြီးနောက် ထိုနေ့ညတွင် သူမ အဖျားတက်ခဲ့သည်။ သူမ စာအုပ်ကို အင်္ကျီထောင့်စွန်းတွင် ဝှက်ထားရန် သူမ၏ နောက်ဆုံးအင်အားကို အသုံးချကာ အိပ်ရာခင်းပေါ် လဲကျကာ သတိလစ်သွားခဲ့သည်။
အိပ်မက်ထဲတွင် မီးများတောက်လောင်နေပြီး သူမ တစ်ကိုယ်လုံး မီးကင်ထားသည့် ပန်းကန်ပြားပေါ်တွင် လှော်ခံနေရသည်။ ထန်ရှီးရှီးသည် ချောမွေ့စွာပင် အသက်မရှူနိုင်ပေ။ သူမ၏ လက်ရှိအခြေအနေသည် အလွန်အန္တရာယ်များကြောင်း ယောင်ဝါးဝါးထင်ထင်ခံစားခဲ့ရပြီး သူမ လျင်မြန်စွာ နိုးထနိုင်ရန် ကြိုးစားခဲ့ရသော်လည်း သူမသည် အချိန်အတော်ကြာ ရုန်းကန်နေရကာ သူမ၏အိပ်မက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
သူမ အဲ့ဒီလို အကြာကြီးအိပ်နေခဲ့ပြီး နောက်ပိုင်းတွင် တစ်စုံတစ်ယောက်သည် သူမဘေးတွင်ထိုင်ကာ သူမ၏နဖူးကိုထိကာ စောင်ကိုဆွဲဖယ်လိုက်ပုံရသည်။ နောက်ပိုင်းမှာ နောက်ထပ် ခြေသံတွေ ပိုများလာသည်။ လူတွေက သူမနားကို လာကာ၊ တစ်ယောက်ယောက်က သူမကို ဆေးတိုက်သည်၊ တစ်ယောက်ယောက်က သူမနှုတ်ခမ်းတွေကို ဂွမ်းနဲ့ စိုစွတ်စေခဲ့သည်။ ထန်ရှီးရှီးက ပိုကောင်းလာပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။
သူမ မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ။ သူမနိုးလာသောအခါ ဘေးဘက်ရှိ ပြတင်းပေါက်များအားလုံး ပိတ်ကျနေပြီး အပြင်ဘက်မှ တဖြောက်ဖြောက်သံကို ကြားနေရသည်။ မိုးရွာနေ ပြန်ပြီ။
ထန်ရှီးရှီးက ပထမတော့ သူမ တည်ရှိရာအရပ်ကိုပင် မမှတ်မိပဲဖြစ်နေပြီး အချိန်အတော်ကြာမှ မျက်လုံးဖွင့်လိုက်သည်။ သူမ ထထိုင်ချင်ပေမယ့် လှုပ်နိုင်မလားတောင် မသိပေ။ နည်းနည်းလေး လှုပ်ရှားကြည့်မှ သူမခန္ဓာကိုယ်က နာကျင်နေပြီး အားနည်းနေမှန်း သိလိုက်ရသည်။
သူမ အကောင်းဆုံးလုပ်နေတယ်လို့ ခံစားမိပေမယ့် တကယ်တော့ သူမလက်ချောင်းတွေကို အနည်းငယ်လှုပ်နိုင်ရုံပါပဲ။ ကံကောင်းထောက်မစွာ၊ သူမ၏အသံသည် အပြင်မှလူများကို ထိတ်လန့်စေခဲ့ပြီး မကြာမီ တစ်စုံတစ်ယောက်သည် ခန်းဆီးစကို တင်ကာ သူမကို စစ်ဆေးရန် ဝင်လာခဲ့သည်။ တစ်ဖက်က ထန်ရှီးရှီး နိုးလာသည်ကို မြင်သောအခါ သူမသည် ခဏမျှ အံ့အားသင့်သွားပြီး ချက်ချင်းပြုံးကာ "မင်း နိုးလာပြီ"
![](https://img.wattpad.com/cover/329217179-288-k79546.jpg)
YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...