Ch-129

2.9K 309 8
                                    

အခန်း ၁၂၉ ထိုက်ဇီ

ညဦးယံ၌ နန်းတော်အစေခံက တံခါးဝမှနေ၍ " မယ်မယ်... ဘုရင်မင်းမြတ် ကြွလာပါတယ် "

ထန်ရှီးရှီးက ကျောက်ချန်ကျွင်းကို ကြိုဆိုဖို့ မတ်တပ်ထရပ်ပြီး "အရှင်မင်းမြတ် "

ကျောက်ချန်ကျွင်းက ကျုံးဆွေ့ နန်းတော်ထဲသို့ ၀င်လာခဲ့သည်။ သူက ထန်ရှီးရှီးရဲ့ လက်မောင်းကို ကိုင်ထားပြီး "ဒီမှာ အပြင်လူမရှိဘူး... ဒီလို မလိုအပ်တဲ့ ကျင့်ဝတ်တွေကို လုပ်ဖို့ မလိုဘူး.. .မင်း ညနေစာ စားပြီးပြီလား"

ထန်ရှီးရှီးက ခေါင်းညိတ်လိုက်သည်။ ကျောက်ချန်ကျွင်းက နေ့တိုင်း အလုပ်များနေပြီး နန်းတော်သည် မင်းသား၏စံအိမ်နှင့် ကွဲပြားသည်။ နန်းတော်တွင် စည်းမျဥ်းများစွာရှိသောကြောင့် ထန်ရှီးရှီးနှင့် ကျောက်ချန်ကျွင်းတို့သည် ပြီးခဲ့သော နှစ်ရက်လုံးလုံး သူတို့၏ကိုယ်ပိုင်နန်းတော်များတွင်သာ စားသောက်ခဲ့ကြရသည်။

သူနဲ့ ထမင်းစားဖို့ ပြန်လာတဲ့ မြင်ကွင်းကို မတွေ့ရတာ ကြာပြီ။

ကျောက်ချန်ကျွင်းက ထိုစကားကိုကြားသောအခါ စိတ်သက်သာရာရသွားသည်။ သူက ကျောက်ဇီကောင်းရဲ့ အခြေအနေအကြောင်းကိုလည်း မေးခဲ့ပြီး ထန်ရှီးရှီးက "သူက ဒီအတိုင်းပဲ ရှိပါသေးတယ်... သူက ဆိုးသွမ်းတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး အရာအားလုံးကို ထိတွေ့ချင်နေတယ်... သို့ပေမယ့် အားသာချက်က အစားအသောက်ကို ဇီဇာမကြောင်ဘဲ အစားအစာတိုင်းကို နာခံမှုရှိရှိ စားသောက်တာပဲ... သူ ဒီညတော့ အများကြီးစားပြီး ခဏအကြာ အိပ်ပျော်သွားတယ်... နို့ထိန်းအစေခံက သူ့ကို အိပ်ရာထဲ ပြန်ခေါ်သွားပြီ "

ကျောက်ချန်ကျွင်းက ခေါင်းညိတ်ပြီး "ဒါကောင်းပါတယ်... ကိုယ်က မကြာသေးမီက တရားရုံးကိစ္စတွေ စီစဉ်ဆောင်ရွက်နေတာနဲ့ အလုပ်များနေပြီး မင်းတို့နှစ်‌ယောက်စလုံးကို လျစ်လျူရှုမိတယ်... ဒီအလုပ်တွေပြီးရင် အဆင်ပြေသွားမှာပါ "

ကျောက်ချန်ကျွင်းက ဧကရာဇ်မင်းမြတ်အား နန်းစွန့်ခိုင်းခြင်းသည် ချောမွေ့သွားပုံပေါ်သော်လည်း အမှန်တကယ်တွင် သူသည် သီးသန့်အားထုတ်မှုများစွာကို ပြုလုပ်ခဲ့ရသည်။ ဤဖြစ်စဉ်တွင် အချို့က ထိုက်လျောက်သော အကျိုးခံစားခွင့်များ ရခဲ့ကြပြီး အချို့က ငြင်းဆန်ခဲ့ကြပြီး အချို့မှာ နှုတ်ဆိတ်နေခဲ့ကြသည်။ ယခု ကျောက်ချန်ကျွင်း အာဏာရလာသည်နှင့်အမျှ အကျိုးခံစားခွင့်ပေးရန်သင့်တော်သော အရာရှိများကို ဆုလာဒ်များပေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်ခြင်းမရှိသောသူများကို သတ်ပစ်လိုက်ရုံနဲ့ မပြီးပေ။ အရေးကြီးဆုံးအချက်မှာ အသံတိတ်နေသော လူတစ်စုဖြစ်သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now