အခန်း ၁၃ အတိတ်
ထန်ရှီးရှီးက သူမလက်မှ မှင်ကျောက်ကို ချလိုက်ပြီး သူမ၏ နာကျင်နေသော လက်ကောက်ဝတ်ကို ပွတ်သပ်ရန်ပင် အချိန်မယူပဲ သူမ၏ စကတ်ကို အမြန်မလိုက်ပြီး အပြင်ထွက်ခဲ့သည်။
သို့သော် သူမ ခန်းမထဲမှ ထွက်လာသည်နှင့် လျိုကျိက သူမကို တားလိုက်သည်။
"ထန်မိန်းခလေး" ကုန်းကုန်းက သူမကို ကြည့်ပြီး ပြုံးကာ "မင်း စာအုပ်ကို ကူးတာ မပြီးသေးဘူးလေ... မင်း ဘယ်သွားမလို့လဲ?"
ထန်ရှီးရှီးက ဘေးမှာ ခနရပ်ပြီး နောက်ဘက် စားပွဲကို လက်ညှိုးထိုးပြပြီး "ကုန်းကုန်း... ကုန်းကုန်း ခုနက ပေးထားတဲ့ စာအုပ်နှစ်အုပ်ကို ကူးပြီးသွားပြီ... ကျွန်မ ပြန်လို့ရမလား?"
လျိုကျိသည် အတွင်းကို တစ်ချက်ကြည့်လိုက်ပြီး စားပွဲခုံပေါ်တွင် သပ်သပ်ရပ်ရပ် ရေးထားသော စာရွက်နှစ်ရွက်ကို သတိပြုမိသည်။ လျိုကျိက " ထန်မိန်းခလေး စာအုပ်တွေကို ကူးယူတာက ပြင်ပကပညာရှင်ထက်တောင် ပိုမြန်တယ်... မိန်းခလေး အနားယူနိုင်တယ်....ဒါပေမယ့် ထွက်ခွာခွင့်တော့ မပြုနိုင်ဘူး "
ထန်ရှီးရှီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး "ဘာလို့လဲ? ...ကျွန်မကူး ပြီးသွားတယ်ဆိုတာ သိသာတယ်လေ "
"နောက်တစ်ခု ရှိသေးတယ်လေ" လျိုကျိက ပြုံးပြီး ပြောနေတယ် "ဒီကျွန်က တွေးခေါ်မှုကင်းမဲ့ပြီး မိန်းခလေးကို မပြောမိဘူး.... မိန်းခလေးက ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါ... ဒီကျွန်က မင်းကို အခြားမိတ္တူအချို့ကို ယူဆောင်လာပေးမှာဖြစ်တယ် "
စာအုပ်များ ကူးယူခြင်းက အပေါ်ယံမျှသာဖြစ်ကြောင်း ထန်ရှီးရှီးသည် ယခုမှ နားလည်ခဲ့သည်။ တကယ်တော့ သူတို့က သူမကို ဒီမှာ ထောင်ချောက်ဆင်ချင်ခဲ့တာ။ ထန်ရှီးရှီးက ကူးယူပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ သူမကို လွှတ်ပေးမည်မဟုတ်ပေ။
ထန်ရှီးရှီးက သူမဘာသာ ပြန်ထိန်းလိုက်ပြီး ရယ်နေကာ "ဒီကလေးမလေးက အရမ်း မိုက်မဲပါတယ်... ကုန်းကုန်းက ကျွန်မကို ရှင်းရှင်းလင်းလင်း အဖြေပေးပါလား.... ကုန်းကုန်းက ဒီကောင်မလေးကို ဘာလို့ ချုပ်ထားချင်တာလဲ" လျိုကျိက ခေါင်းယမ်းကာ ပြုံးပြရင်း "ကလေး... မင်း ဒီကို အခုမှ ရောက်လာတာဆိုတော့... လူတွေကို ဘယ်လို အမှုထမ်းရမလဲ မသိသေးဘူး... ကျွန်တော်တို့ ကျွန်တွေက သခင်ထက် ဘယ်လို စောစော ထွက်သွားနိုင်ပါ့မလဲ"
YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...