Ch-65

4K 390 30
                                    

အခန်း ၆၅ မိုးသည်းထန်စွာရွာတဲ့ည

ထန်ရှီးရှီးက အားပျော့သော အသံဖြင့် ပြောခဲ့ပြီး ကျောက်ချန်ကျွင်းက သူမကို ပြောသည်ကို ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။ သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ "ဘယ်သူလဲ... သူတို့က ဘာတွေထည့်ထားတာလဲ"

သို့သော် ထန်ရှီးရှီးက ပြန်မဖြေနိုင်တော့ပေ။ သူမက မျက်လုံးတွေ မှိတ်ပြီး မေ့မျောသွားသည်။ ကျောက်ချန်ကျွင်းက သူမ၏ အခြေအနေ မမှန်သည်ကို မြင်လိုက်ရသောကြောင့် သူမကို ကောက်ပွေ့လိုက်ပြီး ဘေးခန်းရှိ ကုတင်ပေါ် အမြန်တင်လိုက်သည်။

ကျောက်ချန်ကျွင်းက သူမ၏ခေါင်းကို ခေါင်းအုံးပေါ် ဂရုတစိုက် တင်ပေးပြီး သူမ၏သွေးခုန်နှုန်းကို စစ်ဆေးရန် အင်္ကျီလက်များကို မြှောက်ထားသည်။ ကျောက်ချန်ကျွင်းက နယ်စပ်သို့ ပထမဆုံးရောက်သောအခါ နာမကျန်းဖြစ်ပြီး သေဆုံးလုနီးပါးဖြစ်ပြီး သူ့ကိုယ်သူ ပြန်လည်ကောင်းမွန်ရန် တစ်နှစ်အချိန်ယူခဲ့ရသည်။ ထိုအချိန်မှစ၍ ကျောက်ချန်ကျွင်းက အခြေခံဆေးဝါးပညာကို သင်ယူခဲ့သည်။

ကျောက်ချန်ကျွင်း အာရုံစိုက်နားထောင်သော်လည်း ထန်ရှီးရှီးက မငြိမ်မသက် ဖြစ်နေသည်။ သူမအဝတ်အစားတွေက စိုစွတ်နေသေးပြီး ကုတင်ပေါ်မှာ လဲလျောင်းနေရတာ အဆင်မပြေဘူး။ သူမက ကျောက်ချန်ကျွင်းရဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်ဖို့ ကြိုးစားရင်း ဘေးတစ်ဖက်ကို ရွှေ့ လိုက်သည်။

ကျောက်ချန်ကျွင်းက သူမ အနှောင့်အယှက်ပေးတာကြောင့် အာရုံမစိုက်နိုင်ခဲ့ဘူး။ သူမလက်တွေကို ကိုင်ထားပြီး "ဒုက္ခမပေးပါနဲ့" လို့ ပေါ့ပေါ့တန်တန်ပြောလိုက်သည်။

သို့သော်၊ ယခု ထန်ရှီးရှီးက နားမထောင်နိုင်ပေ။ သူမအဝတ်အစားတွေကို ဆွဲဖြုတ်ပြီး "စိုနေတော့ အဆင်မပြေဘူး" လို့ ညည်းတွားနေသည်။

ကျောက်ချန်ကျွင်းက သူမ ရေစိုအဝတ်အစားများ အကြာကြီးဝတ်ပြီးနောက် အအေးမိမည်ကို ကြောက်သောကြောင့် သူမလက်နှစ်ဖက်ကို ကိုင်ကာ "မလှုပ်နဲ့... ငါလုပ်ပေးမယ်" လို့ ပြောလိုက်သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Donde viven las historias. Descúbrelo ahora