အခန်း ၆၇ ကိုယ်ဝန်
တုကျင်းက ဒီအိမ်တော်တွင် ရှစ်နှစ်ကြာ နေထိုင်ခဲ့သည်။ သူမက အိမ်အကူကလေးမျှသာ ဖြစ်သော်လည်း၊ သူမတွင် နည်းလမ်းအချို့ရှိသေးသည်။ သတ္တမလ၏ပဉ္စမနေ့တွင် မွန်းတည့်အချိန်၌ နေမင်းကြီးသည် ထွန်းလင်းတောက်ပလျက် မြေပြင်ကိုပင် တောက်ပစေသည်။ ထိုအချိန်တွင် တုကျင်းသည် အစေခံငယ်တစ်ဦးကို ရေခဲသယ်ရန် ကျင်ကျားဝင်းထဲသို့ ဦးဆောင်လမ်းပြနေပြီး အမြန်လျှောက်လာစဉ် အိမ်အစေခံများနှင့် မော့မော့အိုများ အားလုံး အေးမြမှုကို ခံစားရန် အရိပ်ထဲတွင် ပုန်းနေခဲ့ကြသည်။
တံခါးပိတ်ပြီးတာနဲ့ တုကျင်းက အစေခံငယ်ရဲ့လက်ထဲ ရေခဲအင်တုံကို ချက်ချင်းယူလိုက်ပြီး "သမားတော်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ... လောလောဆယ်မှာ ကျွန်မတို့ရဲ့ သခင်မလေးက ကူညီမဲ့နေပြီး မင်းကို နိမ့်ကျတယ်လို့ ခံစားရစေတယ် "
ငယ်ငယ်ရွယ်ရွယ်နဲ့ အစေခံအဖြစ် ၀တ်ဆင်ထားတဲ့ အမျိုးသားကတော့ သမားတော်ပါ။ သူက သူ့ခေါင်းပေါ်က မတော်တလျော်ဖြစ်နေတဲ့ ဦးထုပ်ကို ပြင်ဆင်လိုက်ပြီး "ဘာမှ အန္တရာယ် မရှိပါဘူး... သမားတော်တွေက လူနာတွေကို မိဘတွေလို ဆက်ဆံတယ်... လူနာကို အရင်သွားကြည့်ရအောင် ။ "
ဒီသမားတော်ကို အပြင်က သွားခေါ်လာခြင်းဖြစ်သည်။ တစ်ဖက်တွင်၊ သမားတော်၏ ကရုဏာကြောင့်ဖြစ်ပြီး၊ ထို့ထက်အရေးကြီးသည်မှာ ထန်ရှီးရှီးက တိုင်ပင်ဆွေးနွေးရန် ငွေအလုံအလောက်ပေးသောကြောင့် လူနာတစ်ဦးကိုကြည့်ရန် ခက်ခဲသော အိမ်တော်ထဲသို့ သူဝင်ရန် ဆန္ဒရှိခဲ့သည်။
ထန်ရှီးရှီးမှာ ပိုက်ဆံမပျက်လပ်တာကလွဲလို့ တခြားအားသာချက်တွေ မရှိဘူး။ တော်ဝင်နန်းတော်ထဲကို ငွေစက္ကူတွေ အများကြီး မယူလာနိုင်ရင်ခဲ့ရင်တောင်မှ ပိုက်ဆံက ဘယ်တော့မှ မပျက်လပ်ဘူး။
ထိုအချိန်တွင် အခန်းအတွင်းရှိ ပုတီးစေ့ကန့်လန့်ကာသည် ချထားပြီး ထန်ရှီးရှီးက လွင့်နေသော ကုလားကာကိုဖြတ်၍ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ သူမ၏လက်ကောက်ဝတ်ကို ထုတ်ပေးလိုက်သည်။ ထိုသို့ ချမ်းသာသောမိသားစုများ၏ တားမြစ်ချက်များကိုလည်း သမားတော်က နားလည်သည်။ သူက သူ၏မျက်လုံးများကို မစပ်စုမိစေရန် ငြိမ်ထားလိုက်ပြီး ကန့်လန့်ကာနောက်ကွယ်ရှိ မှုန်ဝါးသောအရိပ်ကို မကြည့်ဘဲ သွေးခုန်နှုန်းကို စစ်ဆေးရန် အာရုံစိုက်ခဲ့သည်။
YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...