Ch-12

4K 454 2
                                    

အခန်း ၁၂ ကျင့်ဝမ်ရဲ့ဇနီးလောင်း

ကျောက်ချန်ကျွင်းက လက်ဖက်ရည်ခွက်အဖုံးဖြင့် လက်ဖက်ရည်အမြှုပ်များကို ဖြည်းညှင်းစွာ ဖယ်နေပြီး သူ၏ လုပ်ဆောင်ချက်သည် အေးအေးဆေးဆေးပင် ဖြစ်သည်။ သူ၏အမူအရာမှာ အလွန်အမင်း ကွဲလွဲနေပြီး လက်ဖက်ရည်ပူပူမှ ထူထပ်သော အခိုးအငွေ့ကြောင့်ပင် ဘာမှမထူးခြားပေ။

ထန်ရှီးရှီးက အပေါ်မှာရှီနေတဲ့ ကျင့်ဝမ်ကို မော့ကြည့်ကာ လုံးဝ အံ့အားသင့်သွားသည်။ သူမ အခြေအနေများစွာကို မျှော်မှန်းထားပြီး၊ တစ်ခုပြီးတစ်ခု အကြောင်းပြချက်များပင် ပြင်ဆင်ထားသော်လည်း ကျင့်ဝမ်က ဝင်ရောက်စွက်ဖက်မည်ကို ကြိုမသိခဲ့ပေ။

ထို့ထက်ပင် သူမက သူ၏ စာကြည့်ဆောင်သို့ ပြောင်းရွှေ့ခံရသည်။ သူမကို ဧကရီမယ်တော်ကြီးက လွှတ်လိုက်တာလေ၊ ကျင့်ဝမ်က ဘာကြောင့် ဒီလိုလုပ်တာလဲ။
လျိုကျိက ချောင်းဆိုးနေပြန်ပြီး ထန်ရှီးရှီး ရုတ်တရက် ပြန်သတိဝင်လာတယ်။ သူမ စိတ်ထဲတွင် သက်ပြင်းချကာ အကြာကြီး တွန့်ဆုတ်နေမှန်း သိသာထင်ရှားသော်လည်း သူမက အံ့သြတကြီး အသွင်အပြင်နှင့် ပြန်ပြောလိုက်သည် "ကျေးဇူးတင်ပါတယ်... အရှင်ကျင့်ဝမ် "

ထန်ရှီးရှီး ခေါင်းငုံနေချိန်တွင် သူမကို မျက်လုံးများစွာဖြင့် ကြည့်နေသည်ကို ခံစားသိနိုင်သည်။ ကျောက်ဇီရှင်း၊ ကျိုးရွှင်းဟွာ၊ လျိုကျိနှင့် ကျောက်ချန်ကျွင်း၏ မျက်လုံးများက သူမကို စိုက်ကြည့်နေခဲ့သည်။

ကျောက်ချန်ကျွင်းက သူမကို မတ်တပ်ထရန် မပြောတာကြောင့် ထန်ရှီးရှီးသည် သူမ၏ ဦးညွှတ်အမူအရာဖြင့် ငြိမ်နေခဲ့သည်။ သူမ ခဏစောင့်ပြီးမှ အပေါ်စီးကနေ ဘာမှမထူးခြားသော အသံတစ်ခုတစ်ခုကို ကြားလိုက်ရသည်။ "ထလော့"

"ကျေးဇူးတင်ပါတယ်..... ဝမ်ရယ်"

ထန်ရှီးရှီးသည် ကျောက်ချန်ကျွင်း၏ စာကြည့်ဆောင်သို့ အခေါ်ခံခဲ့ရသည်။ ထို့နောက် ကျိုးကြောင်းဆီလျော်စွာပင် ကျိုးရွှင်းဟွာ နှင့် ရန်ယွိကျင်တို့သည် ရှီဇီ ၏နောက်သို့ လိုက်ကြရသည်။ ဒါက လူတိုင်းကို စိတ်ကျေနပ်စေမယ့် အခြေအနေတစ်ခု ဖြစ်သင့်တယ်။ ကျောက်ဇီရှင်းက လူရွေးချယ်ခွင့်ကို ရရှိထားပြီး ကျိုးရွှင်းဟွာ နှင့် ရန်ယွိကျင်တို့သည် အချင်းချင်းရန်ဖြစ်ရန် မလိုအပ်တော့ပေ။ သို့သော်လည်း ကျောက်ဇီရှင်း၊ ကျိုးရွှင်းဟွာ နှင့် အခြားသူများက မကျေနပ်ကြပေ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now