Ch-98

3.3K 337 7
                                    

အခန်း ၉၈ ကစားဖော်

ပွဲအပြီး ညနေစောင်းတွင် ကျောက်ဇီကောင်းအိပ်ပျော်သွားသည်မှာ ကြာပြီဖြစ်သည်။ ထန်ရှီးရှီးက နို့ထိန်းအစေခံကို ကလေးကို ခေါ်သွားခိုင်းပြီး သူမကိုယ်တိုင် မိတ်ကပ်ဖျက်ရန် အခန်းသို့ ပြန်သွားခဲ့သည်။

ယနေ့သည် ကျောက်ဇီကောင်း၏ ရက်တစ်ရာပြည့်မြောက်ပွဲဖြစ်သည်။ထိုကြောင့် ထန်ရှီးရှီးက မိတ်ကပ်အပြည့်အစုံကို လိမ်းထားခဲ့သည်။ သူမကိုယ်သူမ အချိန်အတော်ကြာ အလှမဆင်ဘဲနေခဲ့ပြီး ယခု ဦးခေါင်းအဆင်တန်ဆာများ အပြည့်အစုံကို ရုတ်တရက်ဝတ်ပြီးနောက် ထန်ရှီးရှီးက သူမ၏ဦးခေါင်းပေါ်ရှိ အလေးချိန်ကို အနည်းငယ် ကျင့်သားရခြင်း မရှိသေးပေ။

တနေကုန် ဦးခေါင်းအဆင်တန်ဆာများစွာဖြင့် မတ်တပ်ရပ်နေခဲ့ရပြီး ထန်ရှီးရှီးက အချိန်အတော်ကြာ ပင်ပန်းနေခဲ့သည်။ သူမသည် အနားတွင်ပန်းပွင့်ချပ်များပါသော ကြေးကြည့်မှန်ရှေ့တွင် ထိုင်ကာ ခေါင်းမှ အဆင်တန်ဆာများကို ဖြုတ်ပြီး အသံမြည်အောင် ပစ်ချနေသည်။ သူမက ဆံပင်ကိုထုံးထားသော အနီရောင်ပတ္တမြားကို ဂရုတစိုက်ဖြုတ်လိုက်ပြီး နှစ်ဖက်လုံးတွင် ချည်နှောင်ထားသော ရွှေပုတီးကုံးများကို ဖြုတ်ပြီးမှ ခေါင်းနောက်ဘက်ရှိ ပန်းပုတီးများကို ဖြည်လိုက်သည်။ နောက်ဆုံးတွင် ထန်ရှီးရှီးက အဖြူရောင် နှင့် ကျောက်စိမ်းအစက်အပြောက်ပါသော အစိမ်းရောင် ဆံထိုးကို ဆွဲထုတ်လိုက်ပြီး သူမ၏ အနက်ရောင်ဆံပင်များသည် ရေတံခွန်ကဲ့သို့ ရုတ်တရက် ပြုတ်ကျသွားသည်။

ထန်ရှီးရှီးက သူမနောက်က ဆံပင်တွေကို ဂရုမစိုက်နိုင်ဘဲ ဦးရေပြားကို နှိပ်နယ်ပေးဖို့ လက်လှမ်းလိုက်သည်။ ဒီနေ့ ဆံပင်ကို မြင့်မြင့်ဖြီးပြီး ထုံးထားတော့၊ ဦးရေပြားက တင်းတင်းရင်းရင်းနဲ့ နည်းနည်းနာနေသည်။ မှန်ထဲမှာတော့ ကြက်သွေးရောင် ပုံရိပ်သည် တစ်ဖြည်းဖြည်း ချဉ်းကပ်လာသည်။ ကျောက်ချန်ကျွင်းက ထန်ရှီးရှီး ၏နောက်တွင်ရပ်လိုက်ပြီး ထန်ရှီးရှီး၏ ဆံပင်ပေါ်သို့ လက်များကိုတင်ကာ ညင်သာစွာနှိပ်နယ်ပေးလိုက်ပြီး "မင်း ခေါင်းကိုက်နေတာလား"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Où les histoires vivent. Découvrez maintenant