အခန်း ၉၄ မိခင်ကို စွန့်ပစ်ပါ
လက်အောက်ငယ်သားများနှင့် အကြံပေးများသည် လေးလေးနက်နက် အရိုအသေပေးနေကြပြီး ခေါင်းကို မြေကြီးနှင့် ထိလုနီးပါး ငုံထားကြသည်။ နေရောင်သည် လင်းလက်နေပြီး လေထဲတွင် ပြတင်းပေါက်မှတဆင့် ရောင်ခြည်တန်းတစ်ခု ထွန်းလင်းတောက်ပနေသည်။ အခန်းထောင့်ရှိ ရွှေရောင်သားရဲပုံစံ အမွှေးခွက်သည် မီးခိုးများထွက်နေပြီး ပူနွေးသောနေရောင်အောက်တွင် နေရာအနှံ ပျံ့နှံ့သွားသည်။
စာဖတ်ခန်းထဲတွင် ထူးဆန်းသော အတားအဆီးတစ်ခု ရှိနေသည်။ အခြားသော လက်အောက်ငယ်သားများသည်လည်း အကြံပေးပုဂ္ဂိုလ်လုနှင့် အတွေးတူနေသည်။ ကျောက်ချန်ကျွင်းက ဘယ်သူ့ကိုပဲ မျက်နှာသာပေးသည်ဖြစ်စေ၊ ဝမ်ဖေးရဲ့ ရာထူး မှာ ထိုင်နေတဲ့ အမျိုးသမီးက ရှီမိသားစုကဖြစ်စေ၊ လီမိသားစုကဖြစ်စေ၊ ထန်မိသားစုကဖြစ်စေ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်၊ ဧကရီမယ်တော်ကြီးယောင်ရဲ့ လူတော့ ဖြစ်မလာရပါဘူး။
ထန်ရှီးရှီးက ဧကရီမယ်တော်ကြီးယောင်မှ စေလွှတ်လိုက်သော မိန်းမလှတစ်ယောက်ဖြစ်ပြီး တော်ဝင်နန်းတွင်းနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိသည်။ သူမရဲ့ အလှကို အားကိုးပြီး မောက်မာစွာ ပြုမူတတ်တယ်လို့ ဆိုကြသည်။ ဤသည်မှာ လက်တွေ့အားဖြင့် ကျင့်ဝမ်စံအိမ်၏မျက်နှာကို ထိမိသော အလှထောင်ချောက်တစ်ခုဖြစ်ပြီး သူမကို မသတ်ခဲ့လျှင်တောင် သူမကို အအေးနန်းဆောင်ပို့ သင့်သည်။ မဟုတ်ပါက ကျင်းနယ်မြေရှိ လူများစွာ၏ စိတ်နှလုံးသည် မည်သို့ ငြိမ်းချမ်းနိုင်မည်နည်း။
ပြန်စဥ်းစားကြည့်ရင် ကျောက်ချန်ကျွင်းက ဧကရီမယ်တော်ကြီးယောင်၏ မျက်နှာကြောင့် ထန်ရှီးရှီးကို သူ၏ဝမ်ဖေးအဖြစ် တည်ထောင်ခဲ့ရသည်။ အခြေအနေတွေက မရှင်းလင်းပဲ ကျင့်ဝမ်၏ အမွေဆက်ခံသူအား သူမကိုယ်တိုင် ပြုစုပျိုးနိုင်ရန် ထန်ရှီးရှီးကို မသတ်နိုင်ခဲ့ပေ။ လက်အောက်ငယ်သားများ၊ အကြံပေးသူများ၊ မူအာ နှင့် အခြားသူများ၏အမြင်တွင်၊ မနေ့ညက မွေးဖွားခဲ့သော ကုန်းဇီလေးသည် ကျောက်ဟုခေါ်တွင်နိုင်ပြီး ကျင့်ဝမ်စံအိမ်၏လူတစ်ဦးဖြစ်ပြီး ဝမ်ရယ် နှင့်ရှီဇီတို့ကို အနာဂတ်ကမ္ဘာတွင် အောင်နိုင်စေရန် ကူညီပေးမည့်သူဖြစ်သော်လည်း၊ ထန်ရှီးရှီးကတော့ ထိုသို့ မဟုတ်ပါ။

YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...