Ch-17

4.3K 427 3
                                    

အခန်း ၁၇ လက်ထပ်စာချုပ်

ယောက္ခမလို့ ခေါ်တာက မသင့်တော်ဘူး။ ကျင့်ဝမ်နှင့် ရှီ မိသားစု၏ အကြီးဆုံးသမီးသည် အိမ်ထောင်မပြုခဲ့ပေ။ သို့သော်လည်း ကျင့်ဝမ်၏ သဘောထားကို ကြည့်ရင် သူက ဤ ရှီသခင်မကို အလွန်ယဉ်ကျေးနေသည်။

ထန်ရှီးရှီး စိတ်ကူးယဉ်တွေးတော နေချိန်အတွင်း ကျောက်ချန်ကျွင်းက စကားပြောလို့ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ အဘွားကြီးကျွမ်းက သဘောကျစွာ ပြုံးလိုက်ပြီး "ဒီအဘွားကြီးရဲ့ ဒီခန္ဓာကိုယ်ကြီးကို အထင်ကြီးလို့ ဒီအရာတွေလုပ်ဖို့ ဝမ်ရယ် က အပ်နှင်းလိုက်တာလေ.... ကျင့်ဝမ်စံအိမ်အတွက် စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ ရှီဇီဖေးကို ရှာပေးပြီး ဒီအဘွားကြီးက ရှီဇီကို ကူညီဖို့ အစွမ်းကုန်ကြိုးစားပေးမယ်ဆိုတာကို ဝမ်ရယ်က စိတ်ချလက်ချယုံကြည်နိုင်ပါတယ် "

"ကျေးဇူးအများကြီးတင်ပါတယ် ကျွမ်းသခင်မကြီး" ကျောက်ချန်ကျွင်းက တိုးညှင်းသောလေသံဖြင့် "ငါ မင်းကို မဖုံးကွယ်ချင်ဘူး... ငါ့စိတ်ထဲမှာ သင့်တော်တယ်လို့ တွေးထားတဲ့သူတစ်ယောက်ရှိတယ်... လုမိသားစုရဲ့ အကြီးဆုံးသမီးက အရမ်းတော်တယ်လို့ တွေးမိတယ် "

"ဝမ်ရယ်က လုယိဖေးကို ဆိုလိုတာလား" အဘွားကြီးကျွမ်းက ခဏလောက် စဉ်းစားပြီးမှ ခေါင်းညိတ်ပြလာသည်။ "ဟုတ်တယ်... အဲဒီမိန်းကလေးက အရမ်းထက်မြက်ပြီး လျင်မြန်တဲ့ ဉာဏ်ပညာနဲ့ အနိုင်လိုစိတ် အရမ်းပြင်းပြတယ်... သူ(မ)က သာမန်အမျိုးသမီးများထက် ပိုပြီး သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ရှိတယ်... သူ(မ) ရှီဇီဖေး ဖြစ်လာရင် သူမက သေချာထိန်းထားနိုင်လိမ့်မယ်"

"အိမ်ထောင်ရေးဆိုတာက အရေးကြီးတဲ့ကိစ္စပါ.. အသေးအဖွဲ မဟုတ်ဘူး... ဒီနေ့ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်.. သခင်မကြီး... ပွဲပြီးတာနဲ့ ငါ့ကိုယ်စား သခင်မလု နဲ့ စကားပြောဖို့ တိတ်တိတ်ဆိတ်ဆိတ် နေရာရှာဖို့ သခင်မကြီးကို ဒုက္ခပေးရတော့မယ်... သခင်မလုက သဘောတူရင် ကျောက်ဇီရှင်းကိုယ်စား နောက်ရက်အနည်းငယ်အတွင်း လက်ထပ်ခွင့်တောင်းဖို့ သူတို့အိမ်တော်ကြီးကို ငါကိုယ်တိုင် သွားရောက်ကြည့်ရှုပါ့ မယ်"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now