Ch-34

3.3K 376 3
                                    

အခန်း ၃၄ မင်္ဂလာအခမ်းအနား

အနောက်မြောက်ဘက်က ဆောင်းသည် ကျင်းလင်နှင့်မတူပေ။ ဆောင်းဦးက လျင်မြန်စွာ ရောက်လာသည်။ ဆောင်းဦးတွင် မိုးအနည်းငယ်ရွာပြီးနောက် ရာသီဥတုက ရုတ်တရက် အေးလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ့်နှစ်လမြောက်လရောက်လာပြီး ဆောင်းလေအေးက ခါးသက်မှုကို ခံစားမိစေသည်။ ခြံထောင့်တစ်ဝိုက်မှာ နှင်းအကြွင်းအကျန်တွေ မပျော်သေးပဲ ရှိနေတုန်းပင်။ ထန်ရှီးရှီး တံခါးမှ ထွက်သွားသည်နှင့် တပြိုင်နက် တိုက်ခတ်လာသော လေကြောင့် အေးစက်မှုကို သူမ ခံစားခဲ့ရသည်။ ထန်ရှီးရှီးသည် သူမ၏ မျက်လုံးများကို အုပ်ရန် လက်ကို မြှောက်လိုက်သည်။ လေနဲနဲငြိမ်ပြီးနောက် သူမ ထွက်သွားခါနီးတွင် အနောက်မှ ကျယ်လောင်စွာ အော်ဟစ်သံတစ်ခုထွက်လာသည်။

"သခင်မလေး၊ ခဏစောင့်ပါဦး "

၎င်းသည် တုကျင်း၏အသံဖြစ်သောကြောင့် ထန်ရှီးရှီး ရပ်တန့်ခဲ့ရသည်။ သူမသည် လည်ပင်းတစ်ဝိုက်တွင် အဖြူရောင်အမွေးများပါသော အနီရောင်အပေါ်ရုံအင်္ကျီကို လွှမ်းခြုံထားပြီး လည်ပင်းအောက်လွတ်နေသောနေရာမှ ရွှေချည်များဖြင့် ပြုလုပ်ထားသော အပြာရောင်ဖျော့ဖျော့ ပိုးသားအင်္ကျီကို မြင်နိုင်သည်။ အင်္ကျီလည်ထောင်ပေါ်တွင် ရွှေကြယ်သီးတစ်စုံသည် တောက်ပစွာ လင်းလက်နေသည်။

ထန်ရှီးရှီးသည် နှင်းများထက်ဖြူဖွေးသော အသားအရည်ဖြင့် သူမ၏ ရှည်သွယ်သွယ်လျသောခန္ဓာကိုယ်တွင် လှပသောအဝတ်အစားများကို ၀တ်ဆင်ထားသည်။ ယခု သူမသည် စင်္ကြံတွင် ရပ်နေချိန်တွင် နှင်းထဲတွင် အနီရောင် ဇီးသီးတစ်လုံးကဲ့သို့ ပေါ်လွင်နေသည်။ တုကျင်းသည် နီးကပ်စွာ ပြေးသွားပြီး ပါးစပ်ဖြင့် မောဟိုက်စွာ အသက်ရှုထုတ်ရင်း ထန်ရှီးရှီး၏ လက်ဖဝါးထဲသို့ ကြေးမီးဖိုငယ်ကို ထည့်ပေးလိုက်သည် "သခင်မလေး၊ သခင်မလေးကို မှီလာပြီ... သခင်မလေးရဲ့ လက်နွေးမီးဖိုကို ယူသွားဖို့ မေ့နေတယ်"

လက်နွေးမီးဖိုက နွေးထွေးနေဆဲပင်။ ထန်ရှီးရှီးက တုကျင်းထံမှ ပန်းပုံများဖြင့် ရေးထွင်းထားသော ကြေးနီလက်နွေးကို ယူကာ "ဒါက ကိစ္စသေးသေးလေးပဲ.. အထူးသဖြင့် ငါ့နောက်ကို လိုက်ဖို့ မင်းကိုယ်မင်း ဘာလို့ ဒုက္ခရောက်အောင် လုပ်ရတာလဲ... ဒီနေ့က ရှီဇီဖေး အိမ်ထဲကို ဝင်တဲ့နေ့နော်... တချို့က လာလည်တဲ့ လူတွေ အများကြီးနဲ့ အလုပ်ရှုပ်နေကြတယ်.... လီကလေးကို ဂရုစိုက်ပြီး လျောက်မသွားစေနဲ့... အိမ်နောက်ဖေးမှာ မိန်းမတွေ အများကြီးပဲ.... တစ်ယောက်ယောက်ကို တိုက်မိရင် အဆုံးသတ်ကောင်းမှာ မဟုတ်ပါဘူး "

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now