အခန်း ၇၇ ခုန်တက်ခြင်း
နေ့ခင်းဘက်တွင် ပုစဉ်းရင်ကွဲတို့၏ အသံများကို တစ်နေလုံးကြားရနေပြီး မြေပြင်သည် မီးခိုးငွေ့ကဲ့သို့ ပူလာသည်။ လုယိဖေးက လှဲချလိုက်ပြီး အိပ်ယာပေါ် အကြာကြီး လှဲနေလိုက်သည်။ သူမ အိပ်မပျော်နိုင်သောကြောင့် ထရုံသာရှိတော့သည်။ လုယိဖေးလှုပ်ရှားမှုကို ကြားတော့ အိမ်အကူက ကန့်လန့်ကာကို ရုတ်လိုက်ပြီး " ရှီဇီဖေး ဘာကိစ္စရှိလို့လဲ"
လုယိဖေးသည် ပိုးပဝါပါးမှတဆင့် သူမ၏အသားအရေကို ဖောက်မြင်နိုင်သည့် အစိမ်းရောင်အင်္ကျီကိုဝတ်ဆင်ထားသည်။ သူမသည် ညောင်စောင်းပေါ် မှီ၍ ယပ်တောင်ကို ခပ်နေကာ "ရာသီဥတုက ပူတယ်... ချွေးတွေ တလုံးလုံးနဲ့ ပင်ပန်းလွန်းလို့ လဲလျောင်းနေလို့ အဆင်မပြေတော့ဘူး "
ဒါကိုမြင်တော့ အိမ်အကူက ပုတီးစေ့ကန့်လန့်ကာကို ဆွဲချပြီး လုယိဖေးဆီကို ယပ်တောင်နဲ့ ရောက်လာသည်။ ကျန်းမော့မော့က စင်္ကြံမှဝင်လာသည်။ သူမ ဝင်လာပြီးချင်းမှာပဲ လုယိဖေး နိုးလာတာကိုတွေ့တော့ " ရှီဇီဖေးက ဘာလို့ အပြင်မှာ ထိုင်နေတာလဲ... ကျွန်မက ရှီဇီဖေး အိပ်ပျော်နေပြီ ထင်တာ "
လုယိဖေးက "အိပ်ရတာ အရမ်းပူတယ်"
ကျန်းမော့မော့သည် ကလေးထိန်းဖြစ်ပြီး လုယိဖေးငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့သည်အထိ စောင့်ရှောက်ပေးခဲ့ပြီး လုယိဖေးက ကျင့်ဝမ်အိမ်တော်ထဲသို့ လက်ထပ်ရန် ဝင်လာစဥ် သူမ နောက်လိုက်ခဲ့သည်။ သူမသည် ရိနင်ဝင်းထဲတွင် အလွန်လေးစားခံခဲ့ရသည်။ ထို့ကြောင့် ကျန်းမော့မော့သည် လုယိဖေး၏ရှေ့တွင် သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ သူမက "ဒီနှစ် နွေရာသီက နောက်ကျပြီး ဆောင်းဦးရာသီမှာ ရာသီဥတုက အထူးပြင်းထန်တယ်... နေ့လယ်ပိုင်းပဲရှိသေးတော့ အပူတွေ ပြေပျောက်ဖို့ အချိန် အတော်ကြာဦးမှာ... ရှီဇီဖေးပျင်းရင် မီးဖိုချောင်ကို ရေခဲတွေ ယူလာခိုင်းနိုင်တယ်လေ... မနေ့က ရွာက စပျစ်သီးတစ်သုတ် လက်ဆောင်ပေးခဲ့တာ မှတ်မိတယ်... မီးဖိုချောင်ကို ပြင်ဆင်ခိုင်းပြီး ရှီဇီဖေးဆီ ပို့ပေးခိုင်းလိုက်မယ် "
STAI LEGGENDO
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Narrativa StoricaMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...