Ch-84

3.5K 368 2
                                    

အခန်း ၈၄ မနာလိုစိတ်

ထန်ရှီးရှီးက ဒီကိစ္စကို အခုမှ စဉ်းစားမိပြီး မသိစိတ်နဲ့ ရယ်မောနေခဲ့သည်။ သူမ၏ ဦးနှောက်သည် နောက်ပိုင်းတွင် တစ်စုံတစ်ခု မှားနေပြီဟု ထန်ရှီးရှီး တဖြည်းဖြည်းနားလည်လာခဲ့သည်။

သာမာန်အမျိုးသမီးများသည် အိမ်ထောင်ရေးဖောက်ပြန်မှုဟု ခင်ပွန်းများ သံသယရှိမည်ကို အကြောက်ဆုံးဖြစ်သည်။ ထန်ရှီးရှီးက လက်မထပ်မီ ကိုယ်ဝန်ရှိခဲ့ပြီး ကလေးကိုမွေးရန် အန္တရာယ်ရှိနေသည်။ အခု သူမကိုယ်တိုင် ဘာတွေပြောခဲ့တာလဲ။

သူမ စိတ်လွတ်နေတာလား။

ထန်ရှီးရှီးက သူမ၏ မျက်လုံးထောင့်မှ ကျောက်ချန်ကျွင်းကို တိတ်တဆိတ် စိုက်ကြည့်ရင်း ကျောက်ချန်ကျွင်း၏ ဗလာကျင်းနေသော မျက်နှာသည် နေရာတိုင်းတွင် သူ့စိတ်ဆိုးမှုများအား ပြသနေသည်ကို မြင်လိုက်ရသည်။ ထန်ရှီးရှီးက သူမ မှားကြောင်းသိပြီး ကျောက်ချန်ကျွင်းရဲ့ လက်ထဲက ဆံပင်တွေကို ညင်သာစွာဆွဲထုတ်ပြီး "ပြီးခါနီးမှ ကျေးဇူးတင်ဖို့သတိရတယ်... ကျေးဇူးတင်ပါတယ် ဝမ်ရယ် "

ကျောက်ချန်ကျွင်းက လွှတ်ပေးလိုက်ပြီး ဆံပင်ကို နေရာပြန်ချပေးလိုက်သော်လည်း ဘာမှပြန်မပြောသေးပေ။ ကျောက်ချန်ကျွင်း ဒေါသထွက်နေမှန်း ထန်ရှီးရှီး သိပြီး ပြီးပြည့်စုံတဲ့ အလေ့အကျင့်ကြောင့် သူမအမှားတွေကို ကျွမ်းကျင်စွာနဲ့ ချက်ချင်းဝန်ခံခဲ့သည်။ " ဝမ်ရယ်... ကျွန်မ မှားပါတယ်... ကျွန်မက အဲ့သဘောပြောတာ မဟုတ်ပါဘူး... ဒါပေမယ့် အရှင်ရဲ့စကားတွေကို ဘယ်သူက ထူးထူးခြားခြား နားလည်နိုင်မလဲ.. ကျွန်မက အများကြီးမတွေးမိခဲ့ပါဘူး ..."

ထန်ရှီးရှီးက သူမ၏ အမှားများကို တက်ကြွစွာ ဝန်ခံလိုသူ ဖြစ်သော်လည်း မည်သို့ပင် ဖြစ်စေ သူမသည် ဘယ်တော့မှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သစ်ရွက်သစ်တစ်ရွက်ကို လှန်လိုက်သလို သူမကို အလွယ်တကူပြောင်းလဲရန် မျှော်လင့်ဖို့ မဖြစ်နိုင်ဘူး။ သူမ အမှားကို ဝန်ခံခဲ့တာတောင် သူမနဲ့ မသက်ဆိုင်ဘူးလို့လည်း ပြောနေပြီး ကျောက်ချန်ကျွင်း ကသာ သူမကို လှည့်စားခဲ့သူပါ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now