(အချပ်ပို-၁)အခန်း ၁၃၆ ကလေးများ
ယုံချူမင်းဆက်၏ဆယ့်တစ်နှစ်မြောက်...ပဉ္စမလ ဆယ့်ငါးရက်နေ့တွင် နေသာပြီး လေပြေညင်းများတိုက်နေသည်။
ထိုက်ဇီဖြစ်သော ကျောက်ဇီကောင်းက သပ်သပ်ရပ်ရပ် ၀တ်စားထားပြီး သွမ့်မင်နန်းတော်မှ လေးနက်သော ခံစားချက်ဖြင့် ထွက်ခွာလာခဲ့သည်။
ထိုက်ဇီအတွက် ဝမ်ယွမ်နန်းတော်ကို အတန်းတက်ဖို့ သွားရမယ့် ပထမဆုံးနေ့ပါပဲ။
ယခု ယုံချူ၏ ဆယ်တစ်နှစ်မြောက်နှစ်ဖြစ်ပြီး ကျောက်ချန်ကျွင်း နန်းတက်သော ဆယ်တစ်နှစ်မြောက်နှစ်လည်း ဖြစ်သည်။ ကျောက်ချန်ကျွင်းက ချမ့်လုံစံအိမ်တွင်ရှိစဉ်က ကျင့်ဟူသောအမည်ကို အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် သူသည် သူ၏တူ ဝူကျုံး၏ ထီးနန်းကို သိမ်းပိုက်ပြီး ဧကရာဇ် ဖြစ်လာခဲ့သည်။ ယုံချူ၏ပထမနှစ်တွင် ၊ တူဖြစ်သူထံမှ ဦးရီးတော်က ဆက်ခံခြင်းမှာ ရှုပ်ထွေးနေသောကြောင့် ကျိုးဝမ်နှင့် ချီဝမ်တို့သည် ဝူကျုံး သေဆုံးမှုကို သေချာစုံစမ်းစစ်ဆေးရန်ဟူသောအကြောင်းပြချက်ဖြင့် ပုန်ကန်မှုနှင့် အဓိကရုဏ်းများစတင်ရန် တပ်ဖွဲ့များပူးပေါင်းကာ မြို့တော်ကို တိုက်ရိုက်ချီတက်ရန်ပြင်ဆင်ခဲ့သည်။ စစ်ဆင်ရေးခရီးတွင် ဧကရာဇ်ကိုယ်တိုင် တပ်များကို ဦးဆောင်ခဲ့ပြီး ဘုရင်ခံမင်းသားများ၏ ပြင်းထန်သောပုန်ကန်မှုကို နှိမ်နင်းရန် အချိန်တစ်လသာကြာခဲ့သည်။
(ချမ့်လုံစံအိမ်* – ဧကရာဇ်မင်းမြတ် နန်းမတက်မီ နေထိုင်ရာ)
ထို့နောက် ကျောက်ချန်ကျွင်းသည် ကျင်းလင်က သဘာဝ ကာကွယ်ရေးကို အားကိုးနေရ သည်ဟု ခံစားရပြီး ဤကဲ့သို့ ဖြစ်ပျက်သွားပါက မြောက်ဘက်ရှိ လူရိုင်းများနှင့် အရပ်ရပ်မှ ဘုရင်ခံများကြောင့် ကြီးမားသော ဘေးဒုက္ခကြီး ဖြစ်လာလိမ့်မည်ဟု သတ်မှတ်ခဲ့သည်။ ယုံချူနန်းစံ တတိယနှစ်တွင် ကျောက်ချန်ကျွင်းသည် မြို့တော်ကို မြောက်ဘက်သို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့ပြီး ဇနီး၊ သားသမီးများနှင့် အင်ပါယာတရားရုံးကို ခေါ်ဆောင်ကာ ရုံကျိုးကို မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။

أنت تقرأ
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
أدب تاريخيMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...