Ch-36

3.3K 401 8
                                    

အခန်း ၃၆ လက်ဖက်ရည် ဆက်သခြင်း

နောက်တစ်နေ့တွင် ကြင်စဦးဇနီးမောင်နှံက လက်ဖက်ရည်ဆက်သဖို့‌ ရောက်လာသည်။

သတို့သမီးက ခင်ပွန်းဖြစ်သူ၏ မိသားစုရှေ့တွင် ပထမဆုံးအကြိမ် လူသိရှင်ကြား မျက်နှာပြသခြင်း ဖြစ်သည်။ သတို့သမီးသည် ဘိုးဘေးများကို ဂါရဝပြုပြီးနောက် ယောက္ခမထံ လက်ဖက်ရည်ဆက်သပြီးနောက်တွင်မှ ခင်ပွန်းဖြစ်သူ၏ အိမ်သို့ တရားဝင် ဝင်ရောက်ပြီဟု သတ်မှတ်ခံရသည်။ ဤသည်မှာ လုယိဖေးအတွက် အလွန်အရေးကြီးသော အခမ်းအနား ဖြစ်သည်။ ရန်အန်းခြံဝင်းသည် နံနက်စောစောတွင် အလုပ်များနေပြီး တစ်ဖက်တွင် ကျောက်ချန်ကျွင်းသည် ပုံမှန်အတိုင်း အိပ်ရာထပြီးနောက် ကိုယ်ခံပညာလေ့ကျင့်ပြီးချိန်တွင် တာဝန်များကို ထမ်းဆောင်ရန် စာဖတ်ခန်းသို့ သွားခဲ့သည်။ သူ့အစီအစဉ်အားလုံးက ပုံမှန်အတိုင်းပါပဲ။

စာအုပ်မိတ္တူကူးတဲ့ အိမ်အကူတစ်ယောက်အနေနဲ့ ထန်ရှီးရှီးသည် နောက်ကျမှရောက်တာရော စောစောပြန်ဖို့ရော တားမြစ်ခံထားရတာကြောင့် သူမက စာကြည့်ခန်းကို စောစောသွားကာ ခုံတန်းလျားကို နွေးထွေးစေခဲ့သည်။ သူမ စုတ်တံကိုကိုင်ရင်း အလုပ်ကြိုးစားနေပုံရသော်လည်း တကယ်တော့ သူမသည် ပျင်းရိနေပြီး အချိန်ကုန်ရန် အကောင်းဆုံးကြိုးစားနေခဲ့သည်။

စီရှီ (မနက် ၉ နာရီမှ ၁၁ နာရီ) နီးပါး အချိန်တွင် လျှိကျိက အရှိန်အဟုန်ဖြင့် ရှေ့ကိုတိုးလာပြီး ကျောက်ချန်ကျွင်းအား " ဝမ်ရယ်.... လက်ဖက်ရည် သောက်ချိန်ရောက်ပြီ"

"အင်း" ကျောက်ချန်ကျွင်းက "အဆင်သင့် ပြင်ထားလိုက်... နည်းနည်းပိုသေသပ်‌အောင် ပြုမှုပြီး အချိန်မဖြုန်းနဲ့ "

"ဟုတ်ကဲ့"

လျှိကျိက တုံ့ပြန်ပြီး အစေခံများကို ခိုင်းစေဖို့ စီစဉ်ရန် ထွက်သွားလေသည်။ ကျောက်ချန်ကျွင်းက စုတ်တံကိုချကာ တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ ထန်ရှီးရှီးက သူမ၏ နားကိုစွင့်ပြီး နားထောင်နေသည်။ လျှိကျိဝင်လာပြီး တစ်ခုခုပြောနေသည်ကို သူမ ကြားလိုက်ရသည်။ ထို့နောက် ကျောက်ချန်ကျွင်းက အပြင်ထွက်ရန် ပြင်ဆင်နေလေသည်။ ယနေ့အချိန်ကို အနည်းငယ် မှန်းဆကြည့်ရင် လက်ဖက်ရည် ဆက်သမည့် အချိန်ဖြစ်သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now