Ch-66

4.1K 395 13
                                    

အခန်း ၆၆ စစ်ဆင်ရေးခရီး

မျှော်လင့်ထားသည့်အတိုင်း လုယိဖေးအိမ်တော်သို့ ပြန်လာချိန်တွင် ကျောက်ချန်ကျွင်းက ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

လုယိဖေးက လျှိုကျိရှေ့မှာ သူမအပြစ်ကို ထပ်ခါတလဲလဲ ထုတ်ဖော်ပြောခဲ့သည်၊ "ကျွန်မ ပေါ့ဆခဲ့မိတယ်... ဝမ်ရယ်က ဒီနေ့ စစ်ဆေး‌ရေး ခရီးထွက်ခဲ့ပေမယ့် ဒီလောက် ကြီးကြီးမားမား ကိစ္စအတွက် ကျွန်မက အချိန်မီ ပြန်မရောက်နိုင်ခဲ့ဘူး.. ကျွန်မက ရှီဇီဖေးအနေနဲ့ တကယ်ကို ပျက်ကွက်မိတာပါပဲ "

လျှိုကျိက ပြုံးပြီး ပြန်ပြောနေပေမယ့် ရှီဇီဖေးကို အပြစ်မတင်ပါဘူး။ "ဝမ်ရယ်ရဲ့စစ်ဆင်ရေးခရီးက လျှို့ဝှက်ထားပြီး အပြင်လူတွေကို မပြောပါဘူး... ရှီဇီဖေးက ခုလိုတွေးပေးတာနဲ့တင် လုံလောက်ပါတယ်... ဝမ်ရယ်ပြန်လာတဲ့အခါ ရှီဇီ နဲ့ ရှီဇီဖေးကို အပြစ်တင်မှာ မဟုတ်ပါဘူး "

လုယိဖေးက သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် သူမက စကားပြောဟန်ကို ပြောင်းလဲကာ ပေါ့ပေါ့ပါးပါးဖြင့် "လျှိုကုန်းကုန်း... ဒီနေ့ မင်းကို သတင်းပို့စရာ နောက်ထပ် ထူးဆန်းတာတစ်ခု ရှိသေးတယ်... ထန်မိန်းခလေး ဘယ်ရောက်သွားမှန်းမသိဘူး... ဝမ်ကျွန်းပွဲကြည့်စင်တစ်ဝိုက်မှာ ကျွန်မက လူတွေကို သုံးကြိမ်တိုင်တိုင် လိုက်ရှာခိုင်းခဲ့ပေမယ့် သူ(မ)ကို ရှာမတွေ့ခဲ့ဘူး... သူ(မ)နဲ့အတူ လိုက်ပါလာတဲ့ လူတွေကတော့ ထန်မိန်းခလေးက သူ့ဘာသာသူ ထွက်သွားတယ်လို့ ပြောပေမယ့် သူ(မ) ဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိခဲ့ကြဘူး... ကျွန်မ အရမ်းစိတ်​ပူ​နေ​ပေမယ့်​ အချိန်က​နောက်​ကျ​နေပြီး ဝမ်ရယ်ကို ​မမှီလိုက်မှာကို​ ကြောက်နေတာ​ကြောင့်​ အရင်​ထွက်​ခွာဖို့ တွန့်​ဆုတ်နေပေမယ့် ထွက်လာခဲ့ရတယ်​... လျှိုကုန်းကုန်း၊ ကျွန်မတို့ ဘာလုပ်သင့်တယ် ထင်လဲ "

လျှိုကျိက မအံ့သြဘဲ ပေါ့ပေါ့ပါးပါးနဲ့ "စိတ်ပူစရာ မရှိပါဘူး... ထန်မိန်းခလေးက ပြန်ရောက်နေပြီ""လို့ ပြောလိုက်သည်။ "သူ(မ)က ပြန်လာတဲ့လမ်းမှာ မိုးမိလာပြီး တော်ဝင်သမားတော်က သူ(မ)အတွက် အအေးမိပျောက်ဆေးကို ညွှန်ကြားပေးခဲ့တယ်... အခုတော့ သူ(မ)က အိပ်ပျော်နေပါပြီ"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now