အခန်း ၇၈ ချစ်ခင်စုံမက်ခြင်း
"ကျေးဇူးတင်ပါတယ် ဝမ်ဖေး" လုယိဖေးက တောင့်တင်းစွာဖြင့် မတ်တပ်ရပ်လိုက်သည်။ သူမ၏မျက်နှာက သူမမျက်နှာမဟုတ်သလို၊ သူမ၏လက်များက သူမလက်မဟုတ်သလို၊ သူမ၏တစ်ကိုယ်လုံးမှာ အလွန်ပင် အဆင်မပြေဖြစ်နေသည်။ သိပ်မကြာခင်ကပဲ ထန်ရှီးရှီးက ဝမ်ဖေးဆိုတဲ့ ဘွဲ့ကို ရမယ်ဆိုရင် ကွာရှင်းဖို့ တောင်းဆိုမယ်လို့ သူမ အခိုင်အမာ ပြောခဲ့သည်။ ယခု သူမပြောပြီးသည်နှင့် ထန်ရှီးရှီးက ဝမ်ဖေး ဟူသော ဘွဲ့ကို အပ်နှင်းခံရသည်။
ထန်ရှီးရှီး၏ ဂုဏ်သိက္ခာအတွက် ကြီးမားစွာပေးဆောင်ခဲ့သည့် ဆုလာဘ်များစွာပင် ပါရှိသည်။
လုယိဖေးသည် ရှီဇီဖေးအဖြစ် သူမ၏ ရာထူးကို ခက်ခက်ခဲခဲ ရရှိခဲ့သည့်အတွက် အလွန်ရှက်သွားပြီး သူမကိုယ်တိုင် ကွာရှင်းရန် မတောင်းဆိုခဲ့ပေ။ ကံကောင်းထောက်မစွာ၊ သူမပြောသည့်အချိန်တွင် အပြင်လူမရှိ၊ ကျန်းမော့မော့မှလွဲ၍ မည်သူမျှ မသိခဲ့ပေ။ လုယိဖေးသည် ယခင်က သူမ မပြောခဲ့ဖူးသလို ဟန်ဆောင်ကာ အဝတ်အစားလဲလိုက်ပြီး ထန်ရှီးရှီးကို အရိုအသေပေးရန် နာခံစွာ လာခဲ့လိုက်သည်။
ထန်ရှီးရှီးက အလွန်ပျော်ရွှင်နေခဲ့သည်။ သူမက ကြင်နာစွာပြုံးပြီး " ရှီဇီဖေးက ရှားရှားပါးပါး ဧည့်သည်ပါ... ငါ မင်းကို လွမ်းနေတာ ကြာပြီ.. ရှီဇီဖေး..ဒါက ဖုန်းမော့မော့ပါ... ဧကရီမယ်တော်ကြီးရဲ့ ဘေးမှာ အရေးပါတဲ့ ပုဂ္ဂိုလ်ပါ... ဖုန်းမော့မော့... ဒါက မနှစ်က အိမ်တော်တံခါးထဲဝင်လာတဲ့ ငါတို့မိသားစုရဲ့ ရှီဇီဖေးပါ... မော့မော့က၊ အနာဂတ်မှာ သူမကို အချက်အချို့သင်ပြပေးပါ "
ဖုန်းမော့မော့က ပြုံးပြီး ငြင်းဆန်နေသည်။ သူမက ယဉ်ကျေးစွာ နှုတ်ခွန်းဆက်စကား ပြောကြားသော်လည်း မတ်တပ်ရပ်နှုတ်ဆက်ရန် ရည်ရွယ်ချက်မရှိဘဲ ထိုင်နေရာမှ မထပဲနေခဲ့သည်။ ဖုန်းမော့မော့၏အမြင်တွင် ကျောက်ချန်ကျွင်းသာလျှင် ကျင့်ဝမ်အိမ်တော်တွင် သူမ၏အာရုံစိုက်မှုကို ခံထိုက်ပြီး ယခု ထန်ရှီးရှီးက နောက်ထပ်တစ်ယောက်ဖြစ်သည်။ ထိုမွေးစားသားအတွက်မူ သင့်လျော်သော သခင်အဖြစ် လုံးဝ မသတ်မှတ်ထားဘဲ၊ သူ့ဇနီးသည်ဆိုသည်မှာလဲ အရေးမကြီးပေ။
YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...