Ch.2

6.5K 630 1
                                    

အခန်း ၂ အမျိုးသမီးဇာတ်ဆောင်အတွက် အထောက်အပံ့

ထန်ရှီးရှီး မျက်မှောင်ကြုတ်လိုက်သည်။ ကျိုးရွှင်းဟွာ၏ ကောင်းစွာထုပ်ပိုးထားသော ပိတ်ထားသောအိတ်ကို သူမ ကြည့်လိုက်ပြီးနောက် သူမလက်ထဲတွင်ရှိသော စာအုပ်ကိုကြည့်ရင်း စိတ်ရှုပ်သွားသည်။ ထန်ရှီးရှီးက သူမအိတ်ကို အခန်းထဲမှာ ထုပ်ပိုးထားတာဖြစ်ပြီး အမျိုးသားအစေခံက အခန်းထဲကို သူမအိတ်ကို ရွှေ့ပေးပြီးနောက် ဘယ်သူမှ ထပ်မဝင်လာခဲ့ဘူး။ ကျိုးရွှင်းဟွာက သူမနှင့် တစ်ခန်းတည်းနေသော်လည်း အခန်းသို့ မပြန်လာသေးပေ။ ထို့အပြင် ထန်ရှီးရှီးက သူမအိတ်ကို အရမ်းသဘောကျပြီး အိတ်ကို အမှတ်အသားပြုထားခဲ့သည်။ တစ်ယောက်ယောက်က အိတ်ကို ရွှေ့လိုက်ရင် သူမ သေချာပေါက် သိလိမ့်မည်ဖြစ်သည်။

စာအုပ်ကို ဘယ်သူကမှ ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး၊ ဒါမေမဲ့ ကျိုးရွှင်းဟွာရဲ့ နာမည်က ဘာကြောင့် စာအုပ်ထဲမှာ ပေါ်လာတာလဲ။

ထန်ရှီးရှီးက ထူးဆန်းသော ခံစားချက်ဖြင့် ပထမစာမျက်နှာသို့ ညင်သာစွာ ဖွင့်ကြည့်လိုက်သည်။ "ကျိုးရွှင်းဟွာက သူ့မိဘတွေရဲ့ လက်ထဲမှာရှိတဲ့ ရတနာလေးပါ။ သို့သော် ရွေးချယ်ခံရပြီးနောက် သူမသည် နန်းတော်အတွင်းသို့ ဝင်ရန် အတင်းအကြပ်စေလွှတ်ခံခဲ့ရသည်။ သူမက မျက်နှာသာရဖို့ရန် ရည်ရွယ်ချက်မရှိပဲ ကောင်းမွန်သော ဘဝတွင်သာ နေထိုင်လိုသော်လည်း အနောက်‌မောင်းမဆောင်တွင် ထပ်ခါတလဲလဲ ပြိုင်ဆိုင်မှုများ ဖြစ်ခဲ့သည်။ သူမက အခြားသူများ၏ ကြိမ်ဖန်များစွာ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ သူမ ပြန်လည်တိုက်ခိုက်ခဲ့ပြီး တုံဖန်(အိပ်ရာနွေး)မှ ဧကရီအထိ၊တဖန် အနောက်နန်းတော်မှ အရှေ့နန်းတော်အထိ ထို့နောက် ဧကရာဇ်နန်းတော်အထိ၊ မင်းဆက်လေးဆက်နှင့် ဧကရာဇ်ခုနစ်ပါးတို့ကို ဖြတ်ကျော်ကာ မဟာရန်မင်းဆက်၏ မင်္ဂလာအရှိဆုံး ဧကရီမယ်တော်ကြီးဖြစ်လာခဲ့သည်..."

ထန်ရှီးရှီးက စာအုပ်ကိုဖတ်ပြီးနောက် စိတ်ရှုပ်သွားသည်။ ဒီစာအုပ်က ဘယ်လိုစာအုပ်မျိုးလဲ၊ ဘယ်သူက ဒီလိုရယ်စရာကောင်းတဲ့စာအုပ်မျိုးကို ရေးထားတာလဲ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now