Ch-81

4.1K 395 14
                                    

အခန်း ၈၁ ဂါရဝပြုခြင်း

နောက်တစ်နေ့ ကျောက်ချန်ကျွင်း နိုးလာသောအခါတွင် ကောင်းကင် တစ်စိတ်တစ်ပိုင်းက လင်းထိန်နေပြီး ကျေးငှက်များ၏ တေးဆိုသံက ကြည်လင်ကာ ငြိမ့်ညောင်းနေသည်။ ကုတင်ကန့်လန့်ကာမှတဆင့် မြင်ရသော ပထမဆုံးအလင်းရောင်က တောက်ပနေပြီး babu ကုတင်၏အတွင်းပိုင်းကိုပင် တောက်ပစေသည်။

ကျောက်ချန်ကျွင်းလည်း အလွန်အံ့သြသွားသည်။ သူက အိပ်ရာက တစ်ဝက်တစ်ပျက်နဲ့ မနိုးပဲ မိုးလင်းသည်အထိ အိပ်ပျော်နေခဲ့သည်။

ကျောက်ချန်ကျွင်း အနည်းငယ် လှုပ်ရှားလိုက်သည်။ သူ့ဘေးနားရှိ သူမ၏ဦးခေါင်းသည် ဘာမှမဖြစ်သလို ပြုတ်ကျသွားသောအခါ သူမက မကျေနပ်စွာ ရေရွတ်ကာ ဖြည်းညင်းစွာ သူ့အပေါ်ကို မှီလိုက်ပြန်သည်။ ကျောက်ချန်ကျွင်းက သူမ၏ခေါင်းကို ကိုင်ထားပြီး တစ်ဖက်ကို တစ်ဝက်စောင်းအနေအထားနှင့် ထန်ရှီးရှီး၏မျက်နှာကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။

သူမက ကျီးကန်းအမွေးကဲ့သို့ မဲနက်နေသော မျက်တောင်မွှေးများဖြင့် မျက်လုံးကိုပိတ်ထားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရပြီး၊ သူမ၏ မျက်နှာက ခေါင်ရမ်းပန်းကဲ့သို့ရဲနေကာ ဆံပင်များက သူမ နောက်တွင် ရှုပ်ပွနေပုံရသည်။ လှပသော ကန့်လန့်ကာအောက်တွင် သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ သူမပါးစပ်၏ တစ်လက်မခန့်အကွာတွင် အနက်ရောင်ဆံနွယ်တချို့ရှိနေသည်။ ကျောက်ချန်ကျွင်းက အချိန်အကြာကြီး ကြည့်ပြီး သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်လိုက်ကာ ဆံပင်များကို ဖယ်ပေးလိုက်သည်။

အနက်ရောင်ဆံပင်၊ နှင်းလိုဖြူပြီး စိုပြေနေသောအသားအရေနှင့် အနီရောင် နှုတ်ခမ်းပါးလေးများ။ နွေဦးရာသီမှာ အိပ်ပျော်နေတဲ့ အလှတရားတစ်ခုထက် ဘာမှမပိုပါဘူး။

သူမ၏ဆံပင်ကို သပ်ရပ်အောင်လုပ်ပေးပြီးနောက် ကျောက်ချန်ကျွင်း၏ လက်ချောင်းများကို ချက်ချင်းဖယ်ရှားသင့်သည်။ သို့သော်လည်း ထန်ရှီးရှီး၏ပါးကို ထိလိုက်သောအခါတွင် သူသည် အချိန်အနည်းငယ်ကြာကြာ ဆက်ထိနေချင်ပြီး ဖယ်လိုက်ရန် ဆန္ဒမရှိပေ။ ထန်ရှီးရှီး၏ ချောမွေ့နူးညံ့ပြီး နှင်းလိုဖြူသော အသားအရေ သည် ကောင်းကင်ဘုံမှ ပေးထားခြင်းဖြစ်မည် ထင်သည်။ ကျောက်ချန်ကျွင်းက ထိုခံစားချက်ကို မှတ်မိနေသေးပြီး သူမ၏ခါးသည် အရိုးမပါသော ကျောက်စိမ်းကဲ့သို့ ပျော့ပျောင်းနေသည်။ သူမခါးကို သူ့လက်နဲ့ ဆုပ်ကိုင်လိုက်တဲ့အခါ သူက လက်ထဲတွင်ဆုတ်ကိုင်ထားမိလားဆိုတာ သံသယဖြစ်လုနီးပါးပါပဲ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now