Ch-109

3.2K 362 11
                                    

အခန်း ၁၀၉ သမက်

ထန်မင်ဇယ်မူး မေ့လဲသွားကာ ထန်မိသားစုလဲ တုန်လှုပ်သွားပြီး အချို့က သူ့ကို ပြုစုပေးနေကြပြီး အချို့က သမားတော်သွားခေါ်ကြသည်။ ကျောက်ချန်ကျွင်းက ဤရလဒ်ကို မမျှော်လင့်ခဲ့ပေ။ သူက မျက်မှောင်ကြုတ်ပြီး ထန်ရှီးရှီးကို တိုးတိုးလေးအသံနဲ့ "ဘာလို့ ဒီလိုဖြစ်ရတာလဲ... မင်းအဖေကို ကြိုမပြောထားဘူးလား"

ထန်ရှီးရှီးက သူမ အမှားကို ဝန်ခံရန် လုံးဝငြင်းဆန်လိုက်ပြီး ကျောက်ချန်ကျွင်းထံ အရာအားလုံးကို အေးဆေးစွာ တွန်းပို့လိုက်ပြီး " ဒါက ဝမ်ရယ် အပြစ်ပဲလေ... သူ့အိမ်ကို နန်းတွင်းရဲမက်တွေက ဝိုင်းရံထားတယ်ဆိုတာ ကြားရင် သူ ဘယ်လိုနေမလဲ... ပြိးတော့ ဒါက ထန် မိသားစုလားလို့ မေးတယ်လေ... သူတို့ သေအောင်မကြောက်ဘူးလို့ ဝမ်ရယ် ထင်လား... ဝမ်ရယ်က ဘာလို့ တခြားသူတွေကို ဂရုစိုက်မရတာလဲ... ဝမ်ရယ်က တစ်စုံတစ်ယောက်ကို ရှာဖို့ ကြိုးစားနေတာလား ဒါမှမဟုတ် လူတွေကို ခြောက်ဖို့ ကြိုးစားနေတာလား"

ကျောက်ချန်ကျွင်းက ဤကဲ့သို့မဟုတ်ဟု ခံစားရသောကြောင့် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှားနေသည်ကို သူလဲ မသိနိုင်ပေ။ ကံကောင်းထောက်မစွာ၊ ထန်မင်ဇယ်သည် ခဏတာ အသက်ရှူရပ်သွားပြီး ကျောက်ချန်ကျွင်းက တော်ဝင်သမားတော် မခေါ်ဆောင်မီ နိုးလာသည်။ ထန်မင်ဇယ် ဖြည်းညှင်းစွာ ထလာသည်။ လူအုပ်ကြားထဲမှာတော့ သူ့အကြီးဆုံးသမီးကြီးဘေးမှာ ရပ်နေတဲ့ ကျောက်ချန်ကျွင်းကို သူတွေ့လိုက်သည်။ ထန်မင်ဇယ်သည် ရုတ်တရက် ခေါင်းကြည်လာသည်။ သူက ကိုယ်လုပ်တော်စုကို မညှာမတာ တွန်းဖယ်လိုက်ပြီး ထန်ရှီးရှီးကို ပြုံးပြုံးလေး ကြည့်ရင်း " အာ.... ရှီးရှီး၊ မင်းအိမ်နဲ့ ဝေးနေတာ ခြောက်နှစ်ရှိပြီ... မင်းအကြောင်းသိဖို့ ခက်သွားပြီ... မြန်မြန်လေးလာပါဦး... မင်း ကိုယ်အလေးချိန် ကျသွားလား ကြည့်လိုက်ရအောင် "

ထန်ရှီးရှီးက ကျောက်ချန်ကျွင်းရှေ့မှာ မျက်လုံးပြူး သွားသည်။

ထန်မင်ဇယ်သည် ထန်ရှီးရှီးအား လက်ကိုဆန့်ပြီး ထန်ရှီးရှီးကို ကူညီရန် လိုလား သော်လည်း ထန်ရှီးရှီးက ထန်မင်ဇယ်၏အဓိပ္ပါယ်ကို နားမလည်နိုင်ဘဲ မလှုပ်မယှက်ဘဲ တစ်နေရာတည်းတွင် ရပ်နေလေသည်။ ထန်မင်ဇယ်လည်း မတ်တပ်ရပ်နေဖို့ကလွဲလို့ ရွေးချယ်စရာမရှိသလိုပင်။ ထန်ရှီးရှီးကို ပြုံးပြီး " ရှီးရှီး...... ဒါက ..."

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now