ကောင်းကင်ဘုံ ကိုးခု၏ အထက်တွင် အလင်းတန်း များက သောင်းဂဏန်းမက ရှိနေခဲ့သည်။
မီးတောက်များက ဘုံများ၏ အတွင်းသို့ စီးဆင်း လျှံကျလျက် ရှိပြီး မီးနဂါးများက ဒေါသထွက်နေကြသည်။
လေဆင်နှာမောင်းများက တဟူးဟူး တိုက်ခတ်နေသောအသံများ
တလက်လက်ထနေသော လျှပ်စီးများ တဟုန်းဟုန်းမြည်နေသော မိုးခြိမ်းသံများနှင့် ရှုပ်ယှက်ခပ်နေသော ဓားသွားတို့က အသင်္ချေဖြစ်ပေါ်နေသည်။
လှိုင်းတပိုးများပင် တလိပ်လိပ်ထ၍ နေပြီး ၎င်းတို့မှာ
ရှေးကျသော ကြမ်းကြုတ်ရက်စစ်သည့် သားရဲများကဲ့သို့ထင်မှတ်ရသည်။
စွမ်းအင်စီးချောင်းများတွင် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သော အစွမ်းတို့ပါရှိသည်။
ထို့ကြောင့်ကောင်းကင်ဘုံများပင် ကွဲအပ်တော့မည်သကဲ့သို့ ထင်မှတ်ရ၏။
ထိုစွမ်းအား အားလုံး၏ အလယ်တွင် နတ်မိိစ္ဆာတစ်ပါးကဲ့သို့ ထင်မှတ်ရသောသူ တစ်ဦးက ရပ်နေသည်။
သူ့တွင် ခံ့ညားထည်ဝါသော ပုံရိပ်တစ်ခုရှိပြီး မျက်နှာအမူအယာကားတော့ အေးစက်စက်နိုင်လှသည်။
သူ၏ နှုတ်ခမ်းထောင့်တွင်တော့ လှောင်ပြုံးတစ်ခုက ဆင်မြန်းထား၏။
သူ၏ ကိုယ်တွင် နက်မှောင်သော ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ၏ ရှည်လျားသော အမည်းရောင်ဆံနွယ်တို့က လေနှင့်အတူ ကခုန်သကဲ့သို့ ဖြစ်နေသည်။
သူ၏နောက်တွင် ရှိသော အမည်းရောင် ဝတ်ရုံက ပြင်းထန်စွာဖြင့် ထွန့်ထွန့်လူးနေ၏။
ထိုသူက နောက်ပြန်ကြည့်လိုက်ကာ တစ်ချက် ရယ်မောလိုက်သည်။
ဟားဟားဟား...ကောင်းတယ် ..အရမ်းကောင်းတယ်..
အသံလှိုင်းတို့က ကောင်းကင်ကိုဖြတ်သန်း တုန်ဟီးသွားသည်။
ရောင်စဥ် ဧကရာဇ် ကျိယဲ့ဟောင်....
ငရဲမီးတောက် ဧကရာဇ် ဝမ်ကူးချိုး
ကောင်းကင်ဘုံတစ်ခွင် နမည်ကျော်ကြားသော လေအင်ပါယာရဲ့ ဧကရာဇ်
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...