ရှစ်ဖုန့်က ရွှေရောင် တိုကင်ပြားကို ထုတ်လိုက်ပြီး အမျိုးသမီးကို ကမ်းပေးလိုက်သည်။
သူက သူမကို ပြောလိုက်သည်။
"ဒီတိုကင်ပြားကို ယူပြီးတော့ မင်းမိသားစုနဲ့အတူ စုတ္ထမင်းသား လုံချန်ဆီမှာ သွား ခိုလှုံနေ"
"သူ့ကိုပြောလိုက် မင်းကို ဒီတိုကင်ပြားကို ပေးလိုက်တဲ့သူက အဲ့ကိုလာဖို့ပြောလိုက်တာလို့"
"တိုကင်..စတုတ္ထမင်းသား...ဟုတ်လား"
အဖြူရောင်ဝတ်အမျိုးသမီးက သံသယဖြစ်သော အမူအယာဖြင့် တိုကင်ပြားကို လက်ခံလိုက်ပြီး ရှစ်ဖုန့်က ပြောလိုက်သည်။
"ထားခဲ့ပါ ဒါတွေကို ငါရင်ဆိုင်လိုက်မယ်.."
"ဒါပေမဲ့ ကျွန်မ..."
အမျိုးသမီးက တစ်စုံတစ်ခုကို ပြောဆိုချင်သော်လည်း ရှစ်ဖုန့်က သူမ၏ စကားစကို ဖြတ်လိုက်သည်။
"မင်းဒီနေရာမှာရှိနေရင် ငါ့ကို ပိုပြီး ဒုက္ခဖြစ်စေတာပဲရှိမယ်...ထားခဲ့ပါ ငါအဆင်ပြေတယ်"
"အင်း"
အမျိုးသမီးက နောက်ဆုံးတွင် ခေါင်းညိမ့်လိုက်သည်။
သူမကနောက်ဆုတ်ကာ လူအုပ်ကြားထဲမှ တိုးထွက်သွားတော့သည်။
သူမ၏ ပုံရိပ်လူအုပ်ကြားထဲမှ တိုးထွက်ကာ သူမြင်ကွင်းမှ ပျောက်ကွယ်သွားသည့်နောက်မှ ရှစ်ဖုန့်က ပြန်လှည့်ပြီး လူထွားနှစ်ယောက်၏ ရိုက်နှက်ခြင်းကိုခံထားရပြီး ၎င်း၏ပါးစပ်က ဝက်အူချောင်းကဲ့သို့ ဖူးယောင်ကိုင်းနေသော ကျောက်ကျစ်ရှင်းကို ကြည့်လိုက်သည်။
"ရပ်တော့"
ရှစ်ဖုန့်က လူနှစ်ယောကို အမိန့်ပေးလိုက်သောအခါတွင် ချက်ခြင်းရပ်တန့်သွားကြသည်။
ကျောက်ကျစ်ရှင်းက ရှစ်ဖုန့်ကို ကြမ်းကြုတ်စွာစိုက်ကြည့်နေပြီး သူ၏ ဝက်အူချောင်းနှုတ်ခမ်းက ဖွင့်လိုက်ပိတ်လိုက်ဖြင့် ဟစိဟစိ ဖြစ်နေသည်။
သူဘာပြောနေသည်ဆိုသည်အားကြားရန် မဖြစ်နိုင်ပေ။
သူ့အနေဖြင့် ရှစ်ဖုန့်အားထပ်မံ၍ ခြိမ်းခြောက်နေခြင်း ဖြစ်နိုင်လောက်သည်။
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...