ချင်အာက သူမျက်နှာလေးအားဘေးဘက်သို့လှည့်လိုက်ပြီး ရှစ်ဖုန့်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ သူမနှလုံးသားထဲတွင်တော့ ရင်ခုန်သံတဒိန်းဒိန်း ကျယ်လောင်စွားမြည်ဟီးနေသည်။
ညစာစားပြီးသည့်နောက်တွင် ညကောင်းကင်ယံအောက်၌ ရှစ်ဖုန့်နှင့် လုံချန်တို့သာ လသာဝန်းအတွင်းတွင် ကျန်ရစ်နေခဲ့သည်။
ယခုအချိန်တွင်သူနှင့်လုံချန်တို့သာ ကျန်ရစ်နေခဲ့ကြခြင်းဖြစ်ပြီး ရှစ်ဖုန့်က ဘာမလိုလားအပ်သော အရာတို့နှင့်မှ စိတ်အနှောက်ယှက်ဖြစ်ခံခြင်းမရှိဘဲ လုံချန်ကို တိုက်ရိုက်ပင်မေးလိုက််သည်။
"ဘာလို့မင်း ...စားချိန်သောက်ချိန်အတွင်း ရောက်လာတာလဲ"
အစကဆိုလျှင် ရှစ်ဖုန့်အနေဖြင့် လုံချန်၏ ယနေ့ညအပြုအမူများအပေါ်တွင် စက်ဆုပ်ရွံရှာမိလိမ့်မည်ဖြစ်သည်။ သို့သူ၏အပျော့ဆွဲဆွဲမှုအောက်တွင် မိခင်ဖြစ်သူ ပျော်နေသည်ကို မြင်ရသောအခါ ထိုအရာကိုပင် ကောင်းမွန်သော အရာဟုသုံးသပ်ရနိုင်သည်။
သူမိခင်သာ ၎င်းနှင့်အတူရှိနေလျှင် ၎င်း၏ရည်ရွယ်ချက်ကဘာဖြစ်နေပါစေ အရေးမကြီးပေ သူမိခင်ဖြစ်သူအား ကောင်းမွန်စွာဆက်ဆံဖို့သာလိုသည်။
ထို့နောက်မကြာခင် ရှစ်ဖုန့်က မေးလိုက်သည်။
"ဒီနေ့လာတဲ့ ဝန်ကြီးချုပ်လို့ခေါ်တဲ့သူက ပြဿနာတစ်ခုခု ရှာသွားလို့လား"
"ဘာမှမရှာပါဘူး"
လုံချန်ကပြောလိုက်သည်။
"သူကငါ့အကိုလူလေ... သူငါ့ကို တစ်ခုခုလုပ်ချင်တာကြာပြီဖြစ်ပေမဲ့ ..သူဘာလုပ်နိုင်မှာမို့လဲ..အများဆုံး သူ့အနေနဲ့ သူ့သားနဲ့ ကိုယ်ရံတော်ကိုသတ်တဲ့လူသတ်သမားကို ငါက လက််သင့်ခံထားပါတယ်ဆိုပြီး ငါ့ခမည်းတော်ကို ထက်တွန့်တက်ရုံပဲရမယ်..ဒါပေမဲ့ သူ့သားက အင်ပါယာမြို့တော်မှာ နမည်ဆိုးနဲ့ကျော်ကြားနေတာ..သူကလုံးဝကိုယုတ်ညံ့တဲ့ကောင်ပဲ..ငါသူကိုရင်ဆိုင်နိုင်ပါတယ်...ငါဒီကိုလာခဲ့တာက ကိစ္စအချို့အတွက်လာခဲ့တာပါ"
လုံချန်ကပြောလိုက်သည်။
"ငါ..ငါ့ဆရာနလန်ယမ်ကို ပြောခဲ့တယ် မင်းရဲ့လမ်းညွှန်ပြသမှုအောက်က ကျောက်ဟူနဲ့ ကျောက်လုံတို့ရဲ့ အခြေအနေတိုးတက်မှုတွေိကိုပေါ့ ..ငါ့ဆရာက မင်းအခု ငါ့အိမ်တော်မှာ နေတာကိုသိတယ်လေ..မနက်ဖြန်ကြရင် သူ့ရဲ့ အသက်ခုနှစ်ဆယ်ပြည့် မွေးနေ့ပွဲရှိတယ်..ပြီးသူက မင်းကိုတက်ရောက်ဖို့အတွက် ဖိတ်ကြားချင်တယ်တဲ့"
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...