"ဖလတ်.."
ရုတ်တရက် ညသန်းခေါင်ယံ အချိန်တွင် နှလုံးခုံသံ ကဲ့သို့ ပုံမှံမဟုတ်သော အသံခပ်အုပ်အုပ် ထွက်ပေါ်လာသည်။
"ဒုတ်ဒုတ်..ဒုတ်ဒုတ်. ဒုတ်ဒုတ်...."
"သေစမ်း..."
ရှစ်ဖုန့်၏ အမူအယာ မှာ ပြောင်းလဲသွားသည်။
ထိုအသံမှာ ကျောက် ခေါင်းတလားထဲမှလာသောအသံဖြစ်သည်ကို သူ ရှင်းလင်းစွာ ကြားနိုင်သည်။
"ဘုန်း...."
ကျယ်လောင်သော အသံနှင့်အတူ သူ၏ ခြေထောက်ဘေးတွင် ရှိနေသော ခေါင်းတလားအဖုံးမှာ ရုတ်ချည်း ပေါက်ကွဲထွက်သွား သည်ကိုတွေ့လိုက်ရသည်။
ကျောက်တုံးအပိုင်းအစများ က နေရာအနှံ့ကို ပျံ့နှံ့လွင့်ထွက်သွားပြီး ကြမ်းကြုတ်သော အမှောင်စွမ်းအင်တို့က ကြမ်းကြုတ်သော မုန်တိုင်းတစ်ခုကဲ့သို့ ကျရောက်လာသည်။
ကျောက်ခေါင်းတလားက အလယ်မှနေ၍ အရာအားလုံးအား ဖျက်ဆီးပစ်ချင်သကဲ့သို့ ဦးတည်ချက်ဘက်ပေါင်းစုံအား သိမ်းကျုံး တွန်းဖယ်တိုက်ချသည်။
ရှစ်ဖုန့်တစ်ယောက် တုန်လှုပ်သွားကာ ငရဲဘုံကိုးခု နည်းစနစ်အား ကမန်းကတန်း လှည့်ပတ်စေလိုက်ရသည်။
စွမ်းအားကြီး စုပ်ယူမှု စွမ်းအင်မှုတစ်ခုအား သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်ကာ ကြမ်းကြုတ်သော အာဃာတ ချီများအား သူ၏ ကိုယ်အတွင်းသို့ စုပ်ယူလိုက်သည်။
ဤ ကြမ်းကြုတ်သော အာဃာတ ချီများသာ ပျံ့နှံ့သွားခဲ့လျှင် ရှစ်လင်နှင့် ပုယွဲ့တို့မှာ ၎င်းအား တောင့်ခံနိုင်မည်မဟုတ်ကြပေ။
"မင်းမေလိုးပဲ"
"ဒီအချိန်ကြမှ ဘာလို့ဒါက နိုးထလာရတာလဲ"
"ဒီဖေဖေရဲ့ ကံတရားက အဲ့လောက် မဆ်ိုးပါဘူးဟ"
ရှစ်ဖုန့် ထခုန်လုနီးနီးဖြစ်သွားကာ ကျိန်ဆဲလိုက်သည်။
"ဒီသောက်ဟာက စောစော ဒါမှမဟုတ် နောက်ကျမှ နိုးလာရမှာ.. အခုတော့ ဒီအချိန်မှ နိုးထလာရတယ်လို့"
အကြွင်းမဲ့ ယင် တစ္ဆေအလောင်းကောင်အား ထိန်းချုပ်ဖို့ မဆိုထားဘိ သူ၏ အသက်အတွက်ပင် ပြဿနာ ရှိလာပြီဖြစ်သည်။
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...