အပိုင်း(၃၄)

261 12 0
                                    


စွမ်းအားအသစ်အား ခံစားကြည့်ရင်း ရှစ်ဖုန့်က စိတ်မကျေနပ်စွာ ခေါင်းခါလိုက်သည်။

"မဟုတ်သေးဘူး..အရမ်းနှေးပြီး အရမ်းအားနည်းနေသေးတယ်"

"အခုငါ့လက်သီးရဲ့စွမ်းအားက..အများဆုံး. ကြယ်ငါးပွင့် သခင်တစ်ယောက်ရဲ့ စွမ်းအားပဲရှိသေးတယ်.."

ရှစ်ဖုန့်၏ ပြင်ပခန္ဓာကိုယ် ခွန်အားမှာ အမွှေးတိုင်သုံးတိုင်ကုန်စာ အချိန်အတွင်း ကြယ်တစ်ပွင့် သခင်နယ်ပယ် တစ်ယောက်ခွန်အားမှ ကြယ်ငါးပွင့် သခင်နယ်ပယ်တစ်ယောက် ခွန်အားအထိ တိုးမြင့်လာခဲ့သည်။

အခြားသော သူများ၏ အမြင်တွင် ၎င်းမှာ ဒဏ္ဍာရီဆန်လှသော အမြန်နှုန်းတစ်ခုဖြစ်သည်။သို့သော် သူကြံ့ကြံ့ခိုင်ရင်ခဲ့ရသော ဆင်းရဲဒုက္ခများ၊ မျက်ရည်များ၊ လူမဆန်လှသော ညှင်းပန်းမှုများနှင့် ဆုံးရှုံးခဲ့ရသော သွေးများမှာ ရှစ်ဖုန့်ကိုင်တိုင်သာ သိနိုင်သော အရာတို့ဖြစ်သည်။

သူသည် သူ၏ အသက်ဖြင့် ကစားခဲ့ခြင်းဖြစ်ပြီး သူသာ ဂရုမထားပဲနေပါက အသက်ပင် ဆုံးရှုံးသွားနိုင်သည်ဟု ပြောနိုင်သည်။

"မနက်ဖြန်ကြရင် လုံချန်က မြေဆွဲအား ခြောက်ဆယ့်ငါးဆကို ပြင်ဆင်ထားလိမ့်မယ်...ငါပြင်ပခန္ဓာကိုယ်ခွန်အားမှာ စိတ်ဝိညာဉ်နယ်ပယ်ကို ရောက်နေဖို့ လိုအပ်တယ်.."

"မဟုတ်ရင်တော့...အရမ်းနောက်ကျသွားလိမ့်မယ်.."

အချိန်က အလော သုံးဆယ်ဖြစ်နေသည်ကို ရှစ်ဖုန့်သိသည်။

နှစ်ရက်အတွင်း ကောင်းကင်ဘုံလေဂိုဏ်းမှ လူနှစ်ယောက်က သူ့အား ဖျက်ဆီးရန် အတွက် လာလိမ့်​မည်ဖြစ်၏။

သူအဖျက်​ဆီးမခံလိုလျှင် သူ့ပြိုင်ဘက်ကိုဖိအားပေးပြီး ဖျက်ဆီးပစ်နိုင်သော စွမ်းအားမျိုး အသုံးပြုရန်လိုအပ်သည်။

"ဟမ်.."

"ထပ်ပီးတော့..အဲ့ခံစားချက်ပဲ.."

ရုတ်တရက် တော်တော်လေး သက်တောင့်သက်သာ မဖြစ်လှသော ခဠစားချက်အား ရှစ်ဖုန့် ခံစားရပြန်သည်။

"အဲ့နေရာကနေ ထွက်လာခဲ့စမ်း.."

ရှစ်ဖုန့်က လှည့်လိုက်ကာ လဲသွာသော သစ်ပင်ကြီး၏ ဆန့်ကျင်ဘက်​တောအုပ်ဆီသို့ အော်ပြောလိုက်သည်။

ငရဲဘုံကိုးခု ဧကရာဇ်Où les histoires vivent. Découvrez maintenant