အပိုင်း (၇၂)

209 5 0
                                    


"မင်းတို့က ဘာတွေကြည့်နေတာလဲ...ရှေ့ကိုဆက်သွားကြလေ"

ရှစ်ဖုန့်က မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ သိုင်းသမားများကို အေးစက်စွာအော်လိုက်သည်။

​ရှစ်ဖုန့်၏ အမိန့်အောက်တွင် အားလုံးက ပြန်လှည့်လိုက်ကြပြီး ရှေ့ဆက်လိုက်ကြသည်။

"ခုဏတုံးမီးတောက်က ဘယ်လို အမျိုးအစားမျိုးလဲ.."

"မမကိုယ်ထဲက အဆင့်လေးသားရဲမီးတောက်က ပြန်ဆုတ်ခွါနေသလိုခံစားရတယ်.."

"မီးတောက်အဆင့်အရဆိုရင် သူကတောင် ပြန်ပီး ဖိနှိပ်သင့်တာ.."

ယွဲ့ဝူရွှမ်းက ရှစ်ဖုန့်ကို မေးလိုက်သည်။

"အဲ့တာက ကောင်းကင်ဘုံမီးတောက်လို့ ငါမင်းကို ပြောရင်မင်းငါ့ကိုယုံမှာမို့လား..."

ရှစ်ဖုန့်က ပြောလိုက်သည်။

"ဘယ်ယုံမှာလဲ.."

"မမဆရာက ထျန်းဟန်တိုက်ကြီး တစ်ခုလုံးလိုက်ရှာတာတောင် မြေကမ္ဘာမီးတောက် ဖြစ်တဲ့ အနက်ရောင်ငရဲ​မီးတောက်ကိုပဲ ထိန်းချုပ်နိုင်ခဲ့တယ်.."

ယွဲ့ဝူရွှမ်းက ပြန်လည်၍တုန့်ပြန်ပြောဆိုလိုက်သည်။

ချင်ယူဖန်းအနေဖြင့် အနက်ရောင်ငရဲမီးတောက်အား ဟိုးယခင်တည်းကထိန်းချုပ်နိုင်သည်ကို ရှစ်ဖုန့်အစကတည်းကသိပြီးသားဖြစ်သည်။

ချင်ယူဖန်းအနေဖြင့် သူ၏ အကြီးဆုံးတပည့်ဖြစ်သူလင်ယဲ့ဖုန်း အား အကူအညီတောင်းခံခဲ့သည်ကိုပင်သူမှတ်မိနေသေးသည်။

"အစ်ိမ်းရောင် အဆိပ်ရွှံ့ညွန်က ​ရှေ့မှာပဲ.."

မိစ္ဆာဝံပုလွေ​ကြေးစားအဖွဲ့မှ သိုင်းသမားတစ်ယောက်က ပြောလိုက်သည်။

ထို့နောက် လူအုပ်က မောင်းနှင်နေသော မိစ္ဆာဝံပုလွေတို့ကို ရပ်တန့်ကာ

ဘေးသို့ လူစုခွဲလိုက်ကြသည်။

ရှစ်ဖုန့်က မိစ္ဆာဝံပုလွေအား ရှေ့သို့မောင်းနှင်လိုက်ပြီး ရှေ့သို့ပြန့်ကားနေသော အစိမ်းရောင် စိမ့်မြေကို တွေ့လိုက်ရသည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now