ဘိုးဘေးနယ်ပယ် တစ်ယောက်၏ ဖိအားတို့ကို အာရုံခံမိသောအခါတွင် ရွှယ်ရီမုံ့က သူမလက်နှစ်ဖက်ဆိုဆုပ်၍ လေးစားစွာပြောလိုက်သည်။
"စီနီယာ ...ဒီပုဂ္ဂိုလ်နဲ့ ခရမ်းရောင်မိုးကြိုးဂိုဏ်း၊ သွေးမိစ္ဆာဂိုဏ်း၊ရေခဲနှင်းတောင်ကြားတို့ကြားမှာ ကမ္ဘာ့ရန်ဘက်တွေဖြစ်ထားတာပါ...စီနီယာအနေနဲ့ဝင်မစွတ်ဖတ်ဖို့ကို ကျွန်မ မျှော်လင့်ပါတယ်"
"ရီမုံ့လေး...မင်းဒီလူအိုကြီးရဲ့ အသံကိုတောင် မမှတ်မိတော့ဘူးလား"
အထက်ရှိ အိုမင်းသော အသံက လှောင်ရယ်သောအသံဖြင့် ပြောလိုက်သည်။
"သင်..သင်က..
ရွှယ်ရီမုံ့ အမူအယာမှာပြောင်းလဲသွားပြီး အလန့်တကြားအော်လိုက်မိသည်။
"အင်ပါယာ အကြံပေးဆရာသခင် နလန်ယွမ်"
လဲ့ကန်းနှင့် ရွှယ်ထူတို့၏ အမူအယာမှာလည်း ပြောင်းလဲသွားခဲ့သည်။ နလန်ယွမ်မှာ ဘိုးဘေးနယ်ပယ်သို့ဝင်ရောက်ခဲ့ပြီဖြစ်သည်။
"ဟားဟား"
အိုမင်းသော အသံရှင်မှာ ဟက်ဟက်ပက်ပက် ရယ်မောပြီး ဒေါင်မြင့်မြင့် တောင့်တင်းကြံ့ခိုင်သော ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲမှ လျှောက်လှမ်းထွက်လာသည်။ သူ၏ အဖြူရောင်ဆံပင်တို့က လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူက ရွှေရောင် အင်ပါယာအကြံပေး ဆရာသခင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။
ထိုသူမှာ ယွင်လိုင်အင်ပါယာ၏ အင်ပါယာ အကြံပေးဆရာသခင်ဖြစ်သူ နလန်ယွမ်ပင်ဖြစ်သည်။
နလန်ယွမ်ပေါ်လာပြီးနောက်တွင် သူ့ကိုက လှစ်ကနဲဖြစ်သွားပြီး ဂိုဏ်းသုံးဂိုဏ်း၏ ခေါင်းဆောင်တို့ရှေ့၌ ပေါ်လာသည်။ သူက ၎င်းတို့ကိုကြည့်ကာပြောလိုက်သည်။
"ငါအခုမှာ သီးသန့်နေရာကနေထွက်လာခဲ့တာ ....ငါ့စိတ်အခြေနေက အခုကောင်းနေတာ ..မင်းတို့အခုထွက်သွားလို့ရပြီ"
"ဒါပေမဲ့ အင်ပါယာ အကြံပေးဆရာသခင် ...."
ရွှယ်ရီမုံ့မှာ ချီတုံချီ ချဖြစ်နေသည်။
ရွှယ်ထူက အော်ပြောလိုက်သည်။
"နလန်ယွမ် ..ဒီကောင်က ဖုန်လေဟန်နဲ့ ကျုပ်တို့ဂိုဏ်းသုံးဂိုဏ်းက အမွေဆက်ခံသူတွေကို သတ်ပစ်ခဲ့တာ ခင်ဗျားက သူ့ကို အဝေးကိုခေါ်သွားချင်နေတာလား..ခင်ဗျားရဲ့ ဧကရာဇ်က ကျုပ်တို့ဂိုဏ်းတွေနဲ့ စစ်ပွဲကိုစချင်နေတာလား"
YOU ARE READING
ငရဲဘုံကိုးခု ဧကရာဇ်
Actionငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...