အပိုင်း (၅၀)

239 6 0
                                    


"အကန့်သတ်မဲ့ ယင်ယန် ရေခဲနဲ့မီး ပေါင်းစပ်စွမ်းအား.."

ယင်ယန်တမာန်တော်က တစ်ချိန်တည်းအော်လိုက်ကြသည်။

သူတို့ခန္ဓာကိုယ်ရှိ ရေခဲနှင့်မီး မီးတောက်များမှာ ဟင်းလင်းပြင်ထဲသို့ တစ်ဟုန်ထိုး ဆီးဝင်သွား၏။

ထို့နောက်ချက်ခြင်း ရေခဲနှင့်မီး​တို့ ပေါင်းစပ်တောက်လောင်နေသော ငါးမီတာမြင့်မားသည့် ဧရာမမီးတောက်ကြီး အဖြစ်သို့ သိပ်သည်းသွားသည်။

မီးတောက်များမှာ ၎င်းတို့၏ ကိုယ်တွင် တောက်လောင်နေပြီး မီး​နတ်ဘုရားတစ်ပါး သေမျိုးလောကသို့ ဆင်းသက်လာသည်နှင့်ပင်တူ၏။

"ယင်ယန်ပေါင်းစပ်ခြင်း သိုင်းနည်းစနစ်က ကြယ်တစ်ပွင့် ဘုရင်နယ်ပယ်တစ်ယောက်ရဲ့ ခွန်အားကိုတောင် ရောက်နေပီပဲ.."

ရှစ်ဖုန့်မှာ မျက်လုံးကို ကျဉ်း​မြောင်း၍ လေထဲရှိ ဧရာမမီးတောက်ဘီလူးကြီးကိုကြည့်နေသည်။

ရုတ်ချည်း သူ၏ ခြေထောက်အောက်ရှိ ဧရာမရုပ်ထုကြီးမှာ ပြင်းထန်စွာ စတင်၍ တုန်ခါလာ၏။

"သေစမ်း.."

မီးတောက်ဘီလူးကြီးက အော်ဟစ်ကြိမ်းဝါးကာ ရှစ်ဖုန့်အားကြီးမားသော ခွန်အားဖြင့် တစ်ဟုန်ထိုး ထိုးချလိုက်သည်။

ထိုလက်သီးချက်မှာ အရာအားလုံးအား ဖျက်ဆီးပစ်တော့မည့်နှယ်ဖြစ်၏။

"ဒီကောင်က နောက်တစ်ကြိမ်ငါတို့ မျှော်မှန်းထားတာထက်ကိုသာလွန်သွားပြန်ပီ"

"သူတို့ရင်ဆိုင်ပြီး မကြာခင် သက်ကြားအိုကြီး ယန်ကိုတောင် ဒီလောက်အထိ အတင်းအကျပ်ဖြစ်စေပြီး လက်လေးချောင်းတောင် ဖြတ်ပစ်လိုက်သေးတယ်.."

စန်းယွဲ့မြို့အပြင်ဘက် တောင်ထိပ်ပေါ်ရှိ ယာယီကနားထဲတွင် ကျောက်လုံမှာ အရမ်းအံံသြမှင်တက်မိနေကာ သူ၏ ပါးစပ်ပင် ပွင့်နေမိသည်။

သူ၏ မျက်လုံးများက ပြူးကျယ်နေကာ ပြောလိုက်သည်။

"သက်ကြားအိုကြီး ယန်က ကျော်ကြားတဲ့ စိတ်ဝိညာဉ်နယ်ပယ် အထွတ်အထ်ိပ်တစ်ယောက်ဖြစ်ပြီးတော့ စိတ်ဝိညာဉ်နယ်ပယ်ရဲ့ ဘုရင်တစ်ပါးပဲ.."

ငရဲဘုံကိုးခု ဧကရာဇ်Donde viven las historias. Descúbrelo ahora