"ငါသာ အမှတ်မမှားဘူးဆိုရင် အဲ့ပုဂ္ဂိုလ်က ယွင်လိုင်အင်ပါယာရဲ့ ကျင်းဖမ်း အိမ်တော်က မင်းသားလေးဖြစ်တဲ့ ကျင်းလင်းမလား"
သွေးမီးပင်လယ်ကြီးအားကြည့်ကာ မိစ္ဆာဝံပုလေံလွေကြေးစားအဖွဲ့ထဲမှ လူတစ်ယောက်က သူ့ဘေးကလူကိုပြောလိုက်သည်။
ထိုအချိန်တွင် ရွှေရောင်ဝတ်ရုံလူနှင့် သူ၏အောက်ရှိ ရွှေရောင်လင်းယုန်တို့မှာ အောက်ရှိ သွေးရောင်မီးပင်လယ်ထံသို့ ဦးတည်လိုက်သည်။
သူတို့က အောက်သို့ထိုးဆင်းလိုက်ကာ ရွှေရောင်လင်းယုန်ကသူရှိသမျှအသားကုန် သူ၏ ဧရာမ အတောင်တို့အား တစ်ဖျတ်ဖျတ်ခပ်နေသည်။
ရုတ်ချည်း ကြမ်းကြုတ်သောလေတို့က အောက်ရှိ လောင်ကျွမ်းနေသော သွေးရောင်မီးပင်လယ်အား လွင့်ပျယ်သွားစေလိုသဖြင့်တစီစီမြည်လျက် တစ်ဟူးဟူးတိုက်ခတ်နေသည်။
သို့သော် သွေးရောင်မီးတောက်ပင်လယ်က တစ်ဟူးဟူးတိုက်ခတ်နေသော လေ၏ အောက်တွင် ရုတ်ချည်း ပိုမိုပြင်းထန်စွာလောင်ကျွမ်းလာသည်။
၎င်းက အဆုံးမရှိသော ဟင်းလင်းပြင်ထဲတွင် ဆက်လက်ပျံ့နှံ့သွားပြီး
မျက်စိတစ်မှိတ်အတွင်း ၎င်းက ရွှေရောင်လင်းယုန်ငှက်ကြီးနှင့် သူ၏ကျောထက်ရှိ ရွှေရောင် ကျင်းလင်း တို့အား လွှမ်းခြုံသွားသည်။
"ဟုတ်တယ်..အဲ့တာသူပဲ..သူအရင်နတ်ဆိုးသားရဲမြို့တော်ကိုလာတုံးက ခေါင်းဆောင်ကိုယ်တိုင်သူ့ကို လက်ခံတွေ့ဆုံတာကို ငါမှတ်မိသေးတယ်.."
"သူက ကြယ်သုံးပွင့် ဘုရင်နယ်ပယ်တစ်ယောက်ပဲ.."
"အဲ့မကောင်းဆိုးဝါးလေး သူ့ကိုတကယ်ကြီး ရင်ဆိုင်နိုင်မယ်လို့ ငါတော့ မထင်ဘူး.."
"သူ ကြယ်သုံးပွင့်ဘုရင်နယ်ပယ် ဖြစ်တဲ့ ကျင်းလင်းကို အနိုင်ယူနိုင်မယ်လို့ မင်းတို့ထင်လား.."
အခြားလူတစ်ယောက်က ပြောလိုက်သည်။
မိစ္ဆာဝံပုလွေကြေးစား အဖွဲ့မှလူများမှ နောက်ပိုင်းမှရောက်ရှိလာကြသောကြောင့် သူတို့အနေဖြင့် ရှစ်ဖုန့်၏လက်သီးချက်ကြောင့် ကျင်းလင်း လွင့်ထွက်သွား သည်ကို မမြင်တွေ့ခဲ့ကြရပေ။
ŞİMDİ OKUDUĞUN
ငရဲဘုံကိုးခု ဧကရာဇ်
Aksiyonငရဲဘုံကိုးထပ် အရှင်သခင် အကျဥ်းချုပ် ခေတ်တစ်ခေတ်တည်းတွင်မွေးဖွာလာသောသူတို့အားလုံး၍ အင်အားအကြီးဆုံး အသန်မာဆုံးဖြစ်သော ငရဲဘုံကိုးခုဘုံဗိမာန်၏ ကောင်းကင်ဘုံ အရှင်သခင်သည် အရာအားခပ်သိမ်း၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်သော အံ့ဖွယ် ရတနာကို လုယူထွက်ပြေးရင်း အသတ်ခံ...