အပိုင်း (၈၉)

79 7 0
                                    


အဆင့်သုံး မီးတောက်ကျွဲနက်ကြီးအား အပိုင်းပိုင်းဖြစ်အောင် တစ်ချက်တည်းခုတ်ပြီးနောက် ရှစ်ဖုန့်၏ ကိုယ်မှ အဖြူရောင်အလင်းလက်လာကာ အဆင့်ခုနှစ်စိတ်ဝိညာဉ်နယ်ပယ် သို့ဝင်ရောက်သွားသည်။

သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုအား ​မြင်တွေ့ပီးသည့်နောက် ရှစ်ဖုန့်က တွေးလိုက်သည်။

"ထင်ထားသလိုပဲ...ငါသာ ကြယ်ရှစ်ပွင့် ဘုရင်အဆင့်ကိုတက်ချင်တယ်ဆိုရင် စွမ်းအင်ပမာဏ အဆပေါင်းများစွာကိုလိုအပ်လိမ့်မယ်.."

သို့သော် ရှစ်ဖုန့်အား ပျော်ရွှင်စေသောအရာမှာ သတ္တဝါများစွာအား သတ်ဖြတ်ပစ်ခဲ့ပြီး ဝိညာဉ်များစွာအား ဝါးမြိုပြီးသည့်နောက်တွင် သူ၏ အခက်ခဲဆုံး ကျင့်ကြံမှုဖြစ်သည့် ဝိညာဉ်စွမ်းအားမှာ အဆင့်တစ်အထွတ်အထွပ်ကို ရောက်ရှိနေပြီးဖြစ်ပြီး အဆင့်နှစ်အား ချိုးဖြတ်တက်လှမ်းကာနီးပင်ဖြစ်သည်။

"ဒါကိုအသုံးပြုရမဲ့ အချိန်ပဲ.."

ရှစ်ဖုန့်က သူ့အားယွဲ့ဝူရွှမ်းပေးခဲ့သော ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။

ကျောက်စိမ်း ပုလင်းအား ဖွင့်လိုက်သောအခါတွင် အေးမြပြီးလက်ဆတ်သော ရောင်ဝါအနံ့အသက်က လွင့်မျောထွက်လာသ​ည်။

ရှစ်ဖုန့်၎င်းအား ရှူသွင်းလိုက်သော အချိန်တွင်သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ တစ်မူထူးခြားသော သက်တောင့်သက်သာရှိမှုကို ခံစားရသည်။

ရှစ်ဖုန့်၏ စိတ်ဝိညာဉ်စွမ်းအားမှာ အဆင့်တစ်အထွတ်အထိပ်အဆင့်ဖြစ်သည်။

အချိန်ကြာမြင့်သော တိုက်ပွဲတစ်ခုအား ဆင်နွှဲပြီးသည့်နောက်တွင် သူ့ကာယခန္ဓာကိုယ်ရှိ အသွေးအသား၊မရီဒီယန်များ၊အရိုးများ အစရှိသည်တို့မှာ အလိုအလျောက်တိုးတက်လာသည်။

သိုင်းပညာရှင်အများစုမှာ ထိုကဲ့သို့ပင်ဖြစ်သည်။

သိုင်းပညာရှင်အများစုက ကာယခန္ဓာကိုယ်အား သန့်စင်မှုကို အထူးမပြုကြသော်လည်း ကြာမြင့်သောအချိန်အပိုင်းအခြားတစ်ခုထိ ​လေ့ကျင့်ခြင်း၊တိုက်ခိုက်ခြင်းနှင့်သတ်ဖြတ်ခြင်းတို့လုပ်ပြီးနောက်တွင် ခန္ဓာကိုယ်၏ အသားနှင့်အရေပြားတို့က ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင်တို့ကိုစုပ်ယူ​မည်ဖြစ်ပြီး ထိုသို့စုပ်ယူပြီးနောက် သွေး၊အရိုးများ၊ကိုယ်တွင်းအင်္ဂါများနှင့် အရွက်များတွင် အဆက်မပြတ်လှည့်ပတ်စီးဆင်းလိမ့်မည်ဖြစ်ကာ မူလစွမ်းအင်အဆီအနှစ်အဖြစ် ပြောင်းလဲ၍ ဒန်တန်ဆီသို့ ဆွဲခေါ်သွားမည်ဖြစ်သည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now