အပိုင်း (၄၉)

228 7 1
                                    


"အား...အဲ့တာသူပဲ.."

အံ့အားသင့်စွာ အော်ဟစ်သော အသံက အခန်းအတွင်းမှ ထွက်ပေါ်လာသည်။

"ရှင်ဘာလုပ်နေတာလဲ.."

"ဘာလို့..အော်ဟစ်နေတာလဲ.."

သက်လက်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၏ အသံက အခန်းအတွင်းမှ ထွက်ပေါ်လာသည်။

"အဲ့တာသူပဲ.... အဲ့တာသူပဲ..အဲ့တာသူပဲကွ.."

"သူပေါ်လာပြီး..သူကိုယ်တိုင်က လက်သည်တရားခံ ဖြစ်တာမို့...ငါတို့တွေထပ်ပြီးတော့ သေစရာမလိုတော့ဘူး.."

"သူပဲ...သူပဲဟ...အဲ့တာသူပဲ.."

"ငါသူ့ကို အရင်ကတွေ့ဖူးတယ်...ဒါက.. ကောင်းလိုက်တာ.."

"သူဒီမှာ ရှိနေပြီဆိုရင်..သူသေသွားတာနဲ့..ငါတို့တွေ ကောင်းကင်ဘုံလေဂိုဏ်းရဲ့ အမျက်ဒေါသကို ချွေးသိပ်နိုင်ပြီ.."

အိမ်ပြတင်းတံခါးများစွာဆီမှ ပျော်ရွှင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"ဒီမှာရှိနေတဲ့ သက်ရှိတွေက အားနည်းတယ်ဆိုပေမဲ့.. ထောင်ပေါင်းများစွာ ရှိနေတယ်.."

"သူတို့ရဲ့ ဝိညာဉ်တွေ သွေးတွေကို စုပ်ယူပြီးတော့ ငါ့ခွန်အားတစ်ချို့ကို ပြန်ဖြ​ည့်တင်းခွင့်ပေး.."

ရှစ်ဖုန့်၏ ကိုယ်အတွင်းမှ ကောင်းကင်ဘုံ မီးတောက်က ရုတ်တရက် စကားပြောလာသည်။

သူ၏လေသံက သက်ရှိထောင်ပေါင်းများစွာ၏ သွေးတို့အားစုပ်ယူခြင်းက အတော့်ကိုသာမန်သာဖြစ်ပြီး မဖြစ်စလောက်ကိစ္စလေးတစ်ခုကဲ့သို့သဘောထားသော အသံမျိုးဖြစ်သည်။

"ခင်ဗျားက သက်ရှိတွေကို ပုရွက်ဆိတ်လိုမျိုး သဘောထားတဲ့ တော်တော်လေးကို ​စိတ်ဖောက်ပြန်နေတဲ့သူပဲ.."

"ရှေးဦး ကျွမ်းကျင်သူရဲ့ ဖိနှိပ် ဆီးလ်ခတ်မှုကို ခင်ဗျားခံခဲ့ရတာကို ကျုပ်မအံ့သြတော့ပါဘူး.."

ရှစ်ဖုန့်က ပြောလိုက်သည်။

"ဟမ့်"

ကောင်းကင်ဘုံမီးတောက်က အေးစက်စွာနှာမှုတ်၍ ပြောလိုက်သည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now