အပိုင်း(၁၂)

276 9 0
                                    

"ဟီး.....ဟီး........ဟီး..."

စစ်မြင်းများက သတ်ဖြတ်ခြင်းအာရုံ မြင့်တက်လာသည်နှင့် အမျှ ဟီသံများပင်ထွက်ပေါ်လာသည်။

ဟိုင်ကလန်၏ နှစ်ဆယ်ထက်ပိုသော သိုင်းပညာရှင်များက သူတို့၏ လက်နက်များကို ဆွဲထုတ်၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြပြီး ၎င်းတိုး၏ မြင်းများအား ရှစ်ဖုန့်၏ ဆီသို့ ဦးတည်၍ မောင်းနှင်လိုက်ကြသည်။

မြင်းမရောက်မီအချိန်တွင် ဓားကို ဆွဲကိုင်ထားသော သိုင်းသမားတစ်ယောက်က သူ၏ ဓားဖြင့် လှမ်းထိုးလိုက်သည်။

အနီရောင်ရဲရဲတောက်နေသော ဓားစွမ်းအင်က ရုတ်ချည်းဓား၏ ထိပ်ဖျားဆီမှ ထွက်လာကာ ရှစ်ဖုန့်ထံသို့ ပျံထွက်သွားသည်။

သူ၏လက်နှစ်ဖက်ဖြင့် ကြီးမားသောပုဆိန်ကြီးအား ကိုင်ထားသည့် အခြားသိုင်းသမားတစ်ဦးမှာ မြင်းပေါ်မှခုန်ဆင်းလာသည်။

သူက​လေထဲ၌ ရှိနေသည့်တန်းလန်းဖြင့်ပင် ပုဆိန်အား ပင့်မြှောက်ကာ အောက်သို့ လွှဲခုတ်ချလိုက်သည်။

ချက်ခြင်းပင် ပင်မစွမ်းအင်မှ ဖွဲ့စည်းထားသော တံခါးအရွယ် ခရမ်းရောင် ပုဆိန်ကြီးက ညကောင်းကင်ယံထက်တွင်ပေါ်လာပြီး ရှစ်ဖုန့်အား ခုတ်ချလိုက်တော့သည်။

ထို့နောက်ချ​က်ခြင်း ဓား၊ဓားမော့၊ ပုဆိန်လှန် တို့ဖြင့် အခြားသေစေနိိုင်သော တိုက်ခိုက်မှုများ ရှစ်ဖုန့်ထံဦးတည်လာသည်။

"ဟီး...ဟီး.."

ထိုသတ်ဖြတ်ခြင်း တိုက်ခိုက်မှုများအတွက် ရှစ်ဖုန့်၏ တစ်ခုတည်းသော တုန့်ပြန်မှုမှာ ဟီးဟီး ဟူ၍ ပင်ဖြစ်သည်။

သူကသူ၏ ညာလက်အား အနည်းငယ်မြှောက်လိုက်ပြီး ​ဖြေးညှင်းစွာ ပြောလိုက်သည်။

"ဒီဘဝမှာ ငါအမုန်းဆုံးက လူတွေက ဝိုင်းဝန်းပြီးတော့ သတ်ဖြတ်တာကိုပဲ"

"ဒီတော့...မင်းတို့အားလုံး...သေလို့ရပီ.."

ရှစ်ဖုန့်ပြောပြီးသည့်နောက်တွင် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာသည်။

"ဘုန်း.ဘုန်း..ဘုန်း...ဘုန်း.."

မြေပြင်မှ ဆူးချွန်များ အသီးသီး ထွက်ပေါ်လာပြီး ဆူးချွန်တိုင်း၏ ချွန်ထက်သော သေစေနိုင်သည့် ထိုးနှက်မှုများက အားလုံးအား တားဆီးလိုက်သည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now