အပိုင်း (၁၀၀)

56 4 0
                                    

လီလျိုရှင်းမှာ ရွှေရောင်ချပ်ဝတ်လူ၏ ဖမ်းဆုပ်ခံထားရမှုမှ လွတ်မြောက်လာပြီး အဝေးသို့ ခုန်ဆွခုန်ဆွပြေးသွားသည်။

လီလျိုရှင်းသည် တစ်ချိန်လုံးတွင် ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်၌ရှိနေပြီး နောက်ဆုံးသူဆင်းသက်လိုက်သော နေရာမှာ ရေကန်ငယ်ဘေးရှိ နှင်းလူဝံ၏ ဘေးနား၌ဖြစ်သည်။

ရလဒ်အနေဖြင့် လီလျိုရှင်းအပြင် နှင်းလူဝံမှာလည်း ရွှေရောင်ကျင်းဖမ်းအရှင်သခင်၏ ပစ်မှတ်အဖြစ်တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

အင်ပါယာနယ်ပယ်တစ်ယောက် ၏ ​တိုက်ခိုက်မှုအောက်တွင် အောက်ခြေရှိ ရေခဲတောအုပ်မှာ ပြိုလဲကုန်သည်။

"ဝုန်း..ဝုန်း..ဝုန်း..ဝုန်း...ဝုန်း.."

မြေပြင်မှာ အလွန်အမင်းပြင်းထန်စွာတုန်ခါလာပြီး တော်လဲသံများထွက်ပေါ်လာကာ ကြီးမားသော ရေခဲသစ်ပင်အစုအဝေးကြီးမှာ ချက်ခြင်းကွဲကြေကုန်၏။

"ဝေါင်း"

ရွှေရောင်လက်ဖဝါးပုံရိပ်၏ အောက်တွင် ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုက ကောင်းကင်နှင့်မြေကြီး ကိုဖြတ်သန်း၍ ပဲ့တင်ထွက်ပေါ်လာသည်။

ကြမ်းကြုတ်ရက်စက်သော သားရဲကြီးတစ်ကောင် ကမ္ဘာပေါ်တွင် ပေါ်ထွက်လာသကဲ့သို့ စွမ်းအားကြီး ရောင်ဝါတစ်ခုက ကောင်းကင်ထဲသို့ တစ်ဟုန်ထိုးတိုးထွက်လာသည်။

"ဒါကဘာကြီးလဲဟ"

ကျင်းဖမ်းအရှင်သခင်၏ အမူအယာမှာ အောက်ဘက်ရှိ စွမ်းအားကြီးတည်ရှိမှုတစ်ခုအား အာရုံခံမိသော အခါတွင် သူ၏ အမူအယာမှာ ပြင်းပြင်းထန်ထန်ကို ချက်ခြင်းပြောင်းလဲသွားသည်။

"အဆင့်ငါးအထွတ်အထိပ် အင်ပါယာအဆင့်သားရဲ.."

အဆင့်ငါးအထွတ်အထိပ် နတ်ဆိုးသားရဲမှာ ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ်တစ်​ယောက် နှင့်ညီမျှသည်။

ကြီးမားသော နှင်းဖြူရောင် ပုံရိပ်ကြီးတစ်ခု ကောင်းကင်ထဲသို့ထိုးထွက်လာသည်။

နှင်းလူဝံ၏ မျက်နှာထက်တွင် အလွန်အမင်း ကြမ်းကြုတ်ခတ်ထန်မှုတို့ဖြစ်ပေါ်နေသည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now