အပိုင်း (၁၁၆)

42 2 0
                                    

နောက်ဆုံးတွင် ဝေ့ယင်မှာ တံခါးအပြင်ဘက်သို့ စိုးရိမ်စိတ်ဖြင့်ပြင်ထွက်သွားလိုက်သည်။

"သခင်လေးဖုန့် တကယ်ဘဲ ဘာပြဿနာမှ မရှိဘူးမလား"

ရှစ်ဖုန့်ဘေးရှိလုံချန်က ကပ်တိုးလေးမေးလိုက်သည်။

"ငါက စကားကြီးစကားကျယ်တွေကို ပြောတတ်တဲ့ လူစားမျိုးနဲ့တူနေလို့လား"

ရှစ်ဖုန့်ကစကားပြောရင်လူအိုကြီး၏နဖူးအား လက်ညိုးဖြင့်ထိလိုက်သည်။ အစောပိုင်းကရူးသွပ်သွားသော လူအိုကြီးမှာ ချက်ခြင်းတည်ငြိမ်သွားကာ ဖြည်းဖြည်းချင်းကုတင်ပေါ်သို့ပြန်လဲကျသွားသည်။

"မင်းအတွက် အင်ပါယာနယ်ပယ်တစ်ယောက်ကို ငါကယ်တင်ပေးနေတာကိုသာ စောင့်နေပါ"

ရှစ်ဖုန့်က ထပ်မံပြောလိုက်သည်။

အင်ပါယာနယ်ပယ် သူ့ဘက်တွင် အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်သာရှိနေခဲ့ပါက အခြေအနေမှာ ချက်ခြင်းပင်ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။

"သခင်လေးဖုန့် ....ငါမင်းကိုယုံတယ်"

လုံချန်က ပြောလိုက်ပြီး တံခါးဆီသို့လျှောက်သွားလိုက်သည်။

မကြာခင်အခန်းအတွင်းတွင် ရှစ်ဖုန့်နှင့် သတိမေ့နေသော လူအိုကြီးတို့သာလျှင်ကျန်ရစ်နေခဲ့တော့သည်။

လုံချန်မှာ သူအပြင်သို့ထွက်လာပြီး တံခါးပိတ်ပြီးသည့်အချိန်တွင် ဝေ့ယင်၏ မျက်နှာထက်၌ စိုးရိမ်မှုတို့အပြည့်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။

လုံချန်က သူမကို နှစ်သိမ့်လိုက်သည်။

"စိတ်မပူပါနဲ့ ...မိန်းကလေးအနေနဲ့ သခင်လေးဖုန့်ကို ယုံကြည်ရမယ်"

ထိုအချိန်တွင် လုံချန်ပိတ်ထားသော တံခါးက ရုတ်တရက်ပွင့်သွားပြီး ရှစ်ဖုန့်က ထွက်လာသည်။

"သခင်လေးဖုန့် ဘာလုပ်နေတာလဲ...သခင်လေးပဲပြောတော့ သူနာမကျန်းဖြစ်နေတာကို ကုသပေးမို့ဆို ...ဘာလို့ပြန်ပြီးထွက်လာရတာလဲ"

လုံချန်က ကပျာကယာမေးလိုက်သည်။ခုဏတုံးကပင် ၎င်းအနေဖြင့် သူ့အတွက် အင်ပါယာနယ်ပယ်တစ်ယောက်ကို ကယ်တင်ပေးပါမည်ဟု အလေးအနက် သန္နိဋ္ဌာန်ချခဲ့သေးလေသည်။

ငရဲဘုံကိုးခု ဧကရာဇ်Where stories live. Discover now